ကုန်သွယ်မှုသတင်းများ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး ကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ထားဝယ်မြို့မစျေးကြီးများနှင့် ကမ်းနားပျံကျစျေးများတွင် ရောင်းချ လျက်ရှိကြောင်းသိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာကို အဓိကစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လျက် ရှိကြသည်။ ပြည်တွင်းတွင် ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်၊ ကရင် ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးပြီး ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင်လည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံ များအပြင် ဘိလပ်စေ့သီးနှံများလည်း စိုက်ပျိုးကြောင်း၊ ဘိလပ်စေ့ကို ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေးပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုးကြကြောင်း၊ ဘိလပ်စေ့သီးနှံများသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေး ရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး ဘိလပ်စေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် အပိုဝင်

၂၀၂၄ ခုနှစ်တွင် သစ်သီးသည် ထိုင်းနိုင်ငံ၏ တန်ဖိုးအရှိဆုံး စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တင်ပို့မှုဖြစ်ခဲ့ပြီး ဒူးရင်းတင်ပို့မှုတန်ဖိုးမှာ ဘတ် ၁၃၄ ဘီလီယံကိုကျော်ဖြတ်ခဲ့ ကြောင်း ထိုင်းနိုင်ငံ ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး (TPSO)၏ အဆိုအရသိရပါသည်။ TPSO ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Poonpong Naiyanapakorn က ထိုအောင်မြင်မှု သည် ကမ္ဘာ့ဈေးကွက်များတွင် ဝယ်လိုအားမြင့်တက်လာမှုနှင့် ထိုင်းသစ်သီး၏ အရည်အသွေး နှင့် အရသာမြင့်မားမှုကြောင့် လူကြိုက်များမှုမြင့်တက်လာသောကြောင့်ဖြစ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစုအပိုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကွမ်းသီးများကို ကန့်ဘလူခရိုင် အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်းဝယ်ယူပြီး ကွမ်းသီးစိတ်များပြုလုပ်၍ ပြန်လည် ရောင်းချလျက်ရှိကြောင်း သိရသည်။
