ကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံတစ်ခုဖြစ် သည့် အစေ့ထုတ်ပြောင်းများလည်း စိုက်ပျိုးကြကြောင်းသိရသည်။

၂၀၂၅ခုနှစ် မတ်လ တတိယပတ်တွင် ထားဝယ်ဒေသထွက် သကြားပြောင်းဖူးများ ဈေးအနည်းငယ်ကျလျက်ရှိကြောင်းသိရသည်။ ဒေသခံတောင်သူများသည် ရာသီပေါ်သီးနှံသကြား ပြောင်းများကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်နိုင်တပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ သကြားပြောင်းကို ပြုတ်၍လည်းကောင်း၊ မီးဖုတ်၍လည်းကောင်း စားသုံးနိုင်သလို ကြက်ဥဖြင့်လည်းကြော်စားပါက အလွန်စားကောင်းသော သီးနှံတစ်မျိုးဖြစ်သည်။ ယခင်လ သကြား ပြောင်းဈေးနှုန်းမှာ (၁)ဖူးလျှင် (၁၂၀၀)ကျပ်၊ (၁၀)ဖူးလျှင် (၁၁၀၀၀)ကျပ်နှင့် ယခု

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ မြို့နယ်များတွင် ခရမ်းဖြူသီး များကို စီးပွားဖြစ် စိုက်ပျိုး သောကြောင့် အများအပြားထွက်ရှိသော ဒေသများဖြစ်ပါသည်။ ထွက်ရှိ လာသော ခရမ်းဖြူသီးများကို ဒေသတွင်း ရောင်း ချကြောင်း သိရပါသည်။ ယခုအချိန်သည် ရာသီစာသီးနှံ တစ်မျိုး ဖြစ်သည့် ခရမ်းဖြူသီးကို ချက်၍ စားသည့် အပြင် နှပ်စား၊ မီးဖုတ်ပြီး သုတ်စားလို့လည်းရပါသည်။ ရာသီစာဖြစ်သောကြောင့် အရောင်းအဝယ်သွက်လျက် ရှိပါသည်။ ခရမ်းဖြူသီး အကြီး တစ်လုံးလျှင် (၅၀၀-၇၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၀၀)ကျပ်ဖြင့် ရေ

ကြက်သွန်နီသည် နေ့စဥ်စားသုံးနေသော အစားအစာတို့တွင်မပါမဖြစ် အလွန်အရေးပါသော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည်။ ကြက်သွန်နီသည် ရေအလွန်လိုအပ်သောသီးနှံဖြစ်သည့်အပြင် မြေအစိုဓာတ်ရှိသော မြေတွင်သာ စိုက်ပျိုးနိုင်ပါသည်။ အလွန်ချဥ်သောမြေကို မနှစ်သက်သော ကြောင့် အောက်မြန်မာပြည်တွင် စိုက်ပျိုးမှုနည်းပါးပြီး အပူအအေးသင့်တင့်သော ရာသီဥတုကိုကြိုက် နှစ်သက်ပါသည်။ မြေပြန့်ဒေသတွင် ကြက်သွန်နီကို အောက်တိုဘာလနှင့် နိုဝင်ဘာလအထိသာ စိုက် ပျိုးပြီး တောင်ပေါ်ဒေသတွင် မတ်လနှင့်ဇွန်လ အထိသာ စိုက်ပျိုးကြ

စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူကို ဟင်းလျာများတွင် အသုံးပြုပြီး ပြည်နယ် အတွင်းတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြပြီး အောင်ပန်း၊ ကလောတို့မှ သယ်ယူရောင်းချလျက် ရှိပါသည်။ လက်ရှိစျေးကွက်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်ဖြူစျေးနှုန်းမှာ ယခုမတ်လအတွင်း ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် ယခင်ပတ်(၁၅၀၀၀/-)ကျပ်မှ ယခုပတ်(၁၃၀၀၀/-)ကျပ်သို့ လည်းကောင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ယခင်ပတ်(၁၇၀၀၀/-)ကျပ်မှ ယခုပတ် (၁၅၀၀၀/-)ကျပ်သို့လည်းကောင်း ကျဆင်းသွားကြောင်းသိရှိရပါ
