ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 Mar 2025

           ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကိုလည်းစိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော နှမ်းသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

19 Mar 2025

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးကြပြီး ရာသီစာသီးနှံများနှင့် စားဖို ဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

19 Mar 2025

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြောင်း၊ မတ်ပဲသီးနှံများသည် ကန့်ဘလူမြို့နယ်အတွင်းရှိ မြေထူးကျေးရွာ၊ တောက္ကရှပ်ကျေးရွာ၊ ညောင်ဇင်ကျေးရွာများမှ အဓိကဝင်ရောက်လျက်ရှိပြီး မတ်လတတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၈၅၀၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင်(၉၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှထွက်ရှိသော မတ်ပဲများကို ရွှေဘို

19 Mar 2025

 မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေ သကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

19 Mar 2025

မုန်ညှင်းဖြူသည် မြန်မာနိုင်ငံသမပိုင်း ဒေသများတွင် စိုက်ပျိုးလေ့ရှိသော အပင်မျိုးဖြစ်ပြီး၊ စိုက်ပျိုးရန်လွယ်ကူပြီး၊ လယ်မြေများတွင် သစ်စိမ်းမြေဩဇာများဖြင့် စိုက်ပျိုးကြသည်။ ထားဝယ်မြို့နယ် အတွင်းရှိ ကုန်စိမ်းဈေးများတွင် ရောင်းချနေသောမုန်ညှင်းဖြူ လက်လီ တစ်ပိဿာလျှင်(၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ ပွဲရုံများတွင် လက်ကားဈေးတစ်ပိဿာလျှင် (၁၅၀၀)ကျပ်ဖြင့် အသီးသီးရောင်းဝယ် လျက်ရှိသည်။ မြို့နယ်အတွင်းဝင်ရောက်သွားမှုအနေဖြင့် ရန်ကုန်ကုန်စည်ဒိုင်မှ ဝင်ရောက်ကြောင်း သိရှိ ရပါသည်။ အမျှင်ဓာတ

Pages