ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 Mar 2025

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ရောင်းချလျက်ရှိရာ ယခုအခါ ကင်းပုံပင်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင် လည်း ကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။ ကင်းပုံသီးမှာအချိုမျိုးနှင့် အခါးမျိုး နှစ်မျိုးရှိပြီး၊ အချိုမျိုးသည် အသီးနှင့်အရွက်နှစ်မျိုးစလုံး စားသုံးနိုင်ကြောင်း၊ ကင်းပုံသီးများကို ကြော်စား၊ ချက်စား၊ နှပ်စား အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။

19 Mar 2025

   ကမ္ဘာပေါ်တွင် ပန်းသီးအမျိုးအစားများစွာရှိသည့်အနက် လူကြိုက်အများဆုံးပန်းသီးမှာ အနီ ရောင် အသီးဖြစ်သည်။ အစိမ်း‌ရောင်ပန်းသီးသည်လည်း လူကြိုက်နှစ်သက်မှုအတော်အသင့်ရှိသည်။ အစိမ်းရောင်ပန်းသီးသည် အနီရောင်ပန်းသီးထက် အနည်းငယ်အချိုပေါ့သဖြင့် လူကြီးသူမများ၊ ဆီးချို/ သွေးချိုရောဂါရှိသူများနှင့် ကလေးသူငယ်များလည်း စားသုံးရန်သင့်တော်သော သီးနှံတစ်မျိုးဖြစ်ပါ သည်။

19 Mar 2025

          ‌ကြောင်လျှာသီးပင်သည် သဘာဝအလေ့ကျပေါက်သော အပင်ဖြစ်၍ အပွင့်၊ အသီး၊ အခေါက် နှင့် ရွက်များကလည်း ဆေးဖက်ဝင်သောကြောင့် ဈေးကွက်ဝင်သောအပင်ဖြစ်သည်။ နှစ်စဉ်မိုးရေ ကောင်းစွာရရှိသော အပူပိုင်းဒေသရာသီဥတုကိုကြိုက်နှစ်သက်သည်။

19 Mar 2025

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအ‌ရောင်းဆိုင်ကြီးများတွင် ရောင်းချလျက်ရှိသော ဘိလပ်မြေစျေးနှုန်းများမှာ ကြံ့နှစ်ကောင်အမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ် လျှင် (၂၄၅၀၀)ကျပ်ရှိပြီး စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်ကြီးများမှရောင်းချလျက်ရှိသော ဓါတ်မြေ သြဇာစျေးနှုန်းများမှာ မြင်းပျံ၊ အာမို၊ သြဘာ အမှတ်တံဆိပ် ယူရီးယား ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၀၉၆၀၀) ကျပ်၊ သံကွင်း အမှတ်တံဆိပ် တီစူပါ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၅၂၅၀၀)ကျပ်၊ တိုတာ၊ ဂျာမနီ အမှတ်တံဆိပ်

19 Mar 2025

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ဒုတိယအပတ်အတွင်း အခြေခံ စားကုန်စျေးနှုန်းအများစုမှာ စျေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ယခင်၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အခြေခံစားကုန်စျေးနှုန်းများနှင့်နှိုင်းယှဥ်ပါက စားအုန်းဆီတစ်ပိဿာလျှင် (၈၂၀၀) ကျပ်မှ (၈၀၀၀) ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၅၆၀၀)ကျပ် အထိရှိပြီး ထားဝယ်မြို့ စျေးကွက်အတွင်း ရန်ကုန်ပွဲရုံများမှ ကြက်သွန်နီအသစ်များ ဝင်ရောက်လျက်ရှိကာ ကြက် သွန်နီ တစ်ပိဿာလျှင် (၃၅၀၀) ကျ

Pages