
နတ်တော်လအတွင်း ဘုရားပွဲနှင့်အလှူပွဲတော်များကျင်းပသည့် အချိန်ဖြစ်၍ မန္တလေးစျေးကွက်တွင် ပန်းကုံးမျိုးစုံ အရောင်းသွက်လှျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးအတွင်း ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ အမရပူရမြို့နယ်၊ ပြင်ဦးလွင်မြို့ နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်(ပုပ္ပားဒေသ)နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ကုံးပန်းများ ဝင် ရောက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် ပန်းကုံး လက်လီ ပေါက်စျေးနှုန်းများမှာ စပါယ်ပန်းအပွင့် ၂၅ကုံးပါတစ်တွဲလျှင် ၂၀၀ဝိ/-နှင့် ၂၅၀ဝိ/-၊ ဇွန်ပန်း ၂၅ ကုံးပါ ၂၀၀ဝိ/-နှင့် ၂၇၀ဝိ/-၊ စကားဝါပန်း/စကားဖြူပန်း ၁၀ ကုံးပါ ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊ သနပ်ခါး ပန်း၁၀ ကုံးပါ တစ်တွဲလျင် ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊ရွှေပန်းနှင့်ငွေပန်း ၁၀ ကုံး ပါတစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-၊ကံ့ကော်ပန်း ၁၀ကုံးပါတစ်တွဲလျှင် ၄၀၀ဝိ/-နှင့် ၅၀၀ဝိ/-၊ နှင်းဆီပန်း(ဗမာ) ၁၀ ကုံးလျှင် ၃၅၀ဝိ/-နှင့်၄၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
