အိုးပုံတောကျေးရွာ၌ ဆီထွက်သီးနှံ မိုးမြေပဲများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း

Powered by Drupal

            မြင်းခြံခရိုင်ခရိုင်သည် ဒေသတွင်းစားသုံးဆီဖူလုံရန်၊ ပြည်ပမှစားသုံးဆီတင်သွင်းမှု လျှော့ချရန် အတွက် ဆီထွက်သီးနှံ မိုးမြေပဲများကို  စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

              မြေပဲသီးနှံသည့် နှုံးမြေးနှင့်သဲမြေတို့တွင်ပိုမိုဖြစ်ထွန်းကြောင်း၊ မြေပဲသီးနှံကို မိုးဦး၌ မေလ၊ ဇွန်လနှင့် ဇူလိုင်လများတွင် စိုက်ပျိုးကြကြောင်း၊ မိုးမြေပဲထက်ဆောင်း မြေပဲကို ပိုမိုစိုက်ပျိုးကြောင်း၊ နွားထိုးကြီးမြို့နယ်၌ (၂၀၂၆-၂၀၂၇) ခုနှစ်တွင် မိုးမြေပဲလျာထား (၄၂၄၅၄) ဧက၌ စိုက်ပျိုးပြီးဧက (၁၉၈၈၇) ဧကစိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ ကျန်ဧကများအား လျားထားချက်ပြည့်မှီအောင် ဆက်လက်စိုက်ပျိုးမည်ဖြစ်ကြောင်း  မြို့နယ်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ စိုက် ပျိုးသောကျေးရွာများမှာ ပဲချက်ရွာ၊ ဇေဒိတ်ရွာ၊ အိုးပုံတောရွာ၊ ကံရွာ၊ မျက်ရှု့ရွာနှင့်  ကြာပင်အိုင် ရွာမိုးမြေပဲများကို စိုက်ပျိုးထားကြောင်း၊ မြေယာပြုပြင်ရာတွင် ထယ်ရေးနက်နက်၊ ထွန်ရေး ညက်အောင်မြေကို သေချာစွာပြုပြင်ပေးရကြောင်း၊ မျိုးအနေဖြင့် ပင်ထောင်နှင့် ပင်ပြန့် နှစ်မျိုး လုံးကို စိုက်ပျိုးကြောင်း၊  မျိုး၊ သွင်းအားစု၊ မြေယာပြုပြင်ခြင်း၊ လုပ်သားခနှင့် အထွေထွေ ကုန်ကျ စရိတ်အပါအဝင် (၅၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်း အနေဖြင့် (၄၇-၄၈) တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ် ထွက်ပေါ်ချိန်တွင် မိုးမြေပဲတစ်တင်းလျှင် (၉၅၀၀၀-၁၀၅၀၀၀) ကျပ်ခန့် အထိပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။  မိုးကိုမျှော် ၍ စိုက်ပျိုးရ သောသီးနှံဖြစ်သောကြောင့် ရာသီဥတုကောင်းပါက မြေပဲများအထွက်နှုန်း ကောင်းနိုင်ကြောင်း၊  အကျိုး အမြတ်များလည်းရရှိသောကြောင့် ဆီထွက်သီးနှံမိုးမြေပဲများပိုမိုစိုက်ပျိုးသင့်ကြောင်း၊ အိုးပုံတော ကျေးရွာ မှ မိုးမြေပဲစိုက် တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)