
မန္တလေးတိုင်းဒသကြီး၊ ညောင်ဦးခရိုင်သည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျှက်ရှိရာ မိုးဦးပဲစဉ်းငုံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ မိုးဦးပဲစဉ်းငုံကို ညောင်ဦးမြို့နယ်၌ (၂၀၂၆-၂၀၂၇) စိုက်ပျိုးရာသီတွင် (၁၁၈၆၈)ဧက လျာထားပြီး ဩဂုတ်လကုန် အထိ (၁၂၄၁၇)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန စာရင်းများအရသိရသည်။
မိုးဦးပဲစဉ်းငုံကို မေလနှင့်ဇွန်လများတွင် စတင်စိုက်ပျိုးလျက်ရှိပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီ လများတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း စိုက်ပျိုးမှုအနေဖြင့် ပတ်ကြဲစနစ်နှင့်စိုက်ပျိုးကြသလို တန်းကြား(၄)ပေခွဲထား၍ စိုက်ကြောင်းများဆွဲပြီး အစေ့ချစနစ်ဖြင့် မြေပဲ၊ နှမ်း၊ ပဲ၊ ဖရုံတို့နှင့် သီးညှပ်စိုက်ပျိုးထားကြောင်း၊ မျိုး(၂)ပြည်ခန့် ကုန်ကျကြောင်း၊ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ သူဌေးကန်၊ ကုန်းတန်းကြီး၊ ညောင်တို၊ သန့်စင်ကြယ်၊ ဖျောက်ဆိပ်ပင်၊ မင်းနန်သူ၊ ချောက်ကန် ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း စိုက်ပျိုးသောမျိုးများမှာ သက်ကြီးရွှေဒင်္ဂါးမျိုး နှင့် သူဌေးကန်မျိုးများ စိုက်ပျိုးကြပြီး တစ်ဧကကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ် (၃၅၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်အနှုန်းအနေဖြင့် (၉/၁၀)တင်းခန့် ထွက်ရှိခဲ့ပြီး ယခင်နှစ်ပဲစဉ်းငုံတစ်တင်းလျှင် (၇၀၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့သောကြောင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၆၀၀၀၀၀)ကျပ်ခန့် မြတ်ခဲ့ကြောင်း ယခုနှစ် လက်ရှိပဲစဉ်းငုံ တစ်တင်းပေါက်ဈေးမှာ (၁၀၈၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ဈေးကွက်အနေဖြင့် ညောင်ဦးမြို့ရှိ ပွဲရုံသို့ တိုက်ရိုက်တင်ပို့ရောင်းချပြီး ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့သို့ တင်ပိုရောင်းချကြောင်း ပဲစဉ်းငုံအထွက်အနှုန်းနှင့် ဈေးနှုန်းပိုကောင်းပါက အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ကြောင်း ပဲစဉ်းငုံစိုက်တောင်သူတစ်ဦးထံမှသိသည်။
DOCA(မန္တလေး)
