ကုန်သွယ်မှုသတင်းများ

Powered by Drupal
23 Dec 2024

             ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့်အခြားတိုင်းဒေသကြီးပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ်

23 Dec 2024

    တောင်ငူမြို့၊ မြို့မဈေးကြီးအတွင်းရှိ ငါးခြောက်ဆိုင်များတွင် ရောင်းချနေသော အာဗြဲခြောက်များသည် လူကြိုက်များသော ငါးခြောက်တစ်မျိုးဖြစ်ပါသည်။ အရသာမှာချိုပြီး ဆားလည်းပေါ့သဖြင့် စားကောင်းသည့် ငါးခြောက်တစ်မျိုးဖြစ်ပါသည်။

     ယခင်အောက်တိုဘာလတွင် အာဗြဲခြောက် တစ်ဆယ်ကျပ်သားလျှင် ၃၅၀၀ ကျပ်၊ တစ်ပိဿာယူလျှင် ၃၂၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၄၅၀၀ ကျပ်၊ တစ်ပိဿာယူလျှင် ၄၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

23 Dec 2024

      တောင်ငူမြို့သို့ ရှမ်းပြည်နယ် တောင်ကြီးဒေသမှ အာလူးအများဆုံးဝင်ရောက်လျက်ရှိရာ ယခင်နိုဝင်ဘာလက  အာလူးတစ်ပိဿာလျှင် အသေး ၅၀၀၀ ကျပ်၊ အလတ် ၆၅၀၀ ကျပ်နှင့် အကြီး ၈၀၀၀ ကျပ် ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၆၄၀၀ ကျပ်၊ အလတ် ၈၀၀၀ ကျပ်နှင့် အကြီး ၁၀၀၀၀ ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ပါသည်။

23 Dec 2024

     မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ မယ်ဇလီတောကျေးရွာသည် ကြက်သွန်နီ၊ ဝါ၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲကြီးသီးနှံတို့ကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိပြီး မေမြို့ပန်းကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

23 Dec 2024

     မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ဟင်းသီးဟင်းရွက်များကို ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတော၊ ညောင်ပင်သာ၊ ရွာတော်၊ မြင်ကွန်း၊ မြေနုကျွန်းစသည့် ကျေးရွာများမှ လာရောက်ရောင်းချကြသလို မကွေးမြို့၊ မင်းဘူးမြို့၊ သရက်မြို့နှင့် တောင်တွင်း ကြီးမြို့တို့မှလည်း မှာယူရောင်းချကြကြောင်း သိရသည်။

Pages