ကုန်သွယ်မှုသတင်းများ
ပြည်ဈေးကွက်သို့ ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် နေပြည်တော်နှင့် ရန်ကုန်ဘက်မှ အောင်သပြေပန်းများ တစ်ခြင်းလျင် အပင်ရေ (၂၅၀)ပင်ပါရှိသည့် ခြင်းပေါင်း (၁၀)ခြင်းခန့်အဝင်ရှိပြီး တစ်ပတ်လျှင် (၂)ကြိမ်ခန့် ဝင်ရောက်မှုရှိကြောင်း သိရပါသည်။ ခြင်းတစ်ခြင်းလျှင် အောင်သပြေပန်း အတုံးကြီး၊ လတ်၊ သေး သောင်းပြောင်းပါရှိသည့်အတွက် ပြန်လည်ရောင်းချရာတွင် အပင်သေးတစ်ပင်လျှင် (၁၅၀၀-၂၀၀၀)၊ အပင်အလတ်တစ်ပင်လျှင် (၂၅၀၀-၃၀၀၀)၊ အပင်အကြီးအချောတစ်ပင်လျှင် (၅၀၀၀-၆၀၀၀-၇၀၀၀)နှုန်းအထိ အသီးသီးရောင်းဝယ်မှု

ယခုနိုဝင်ဘာလနောက်ဆုံးပတ်တွင် ပြည်ဈေးကွက်သို့ ရှမ်းပြည် ပင်းတယ၊ ကလော၊ ပင်လောင်း စသည့်မြို့နယ်များမှ ဝင်ရောက်လာသည့် ဂေါ်ရခါးသီးများ အရောင်းအဝယ်များနေကြောင်း သိရှိရပါသည်။ ကုန်ပစ္စည်းဝင်ရောက်မှုမှာ များနေပြီးအရောင်းအဝယ်လည်း သွက်လျက်ရှိပါသည်။ ယခင်က ဂေါ်ရခါးသီးကို ဟင်းချက်ပြီးကြော်စားသလို မုန့်နှစ်များဖြင့် ကြော်၍လည်း စားသုံးကြပါသည်။ ယခုအခါ ဂေါ်ရခါးသီးအရင့်ကို ပြုတ်၍စားသောက်ပါက အသီးမှာစေးပြီး လူကြိုက်များပါသည်။ ဂေါ်ရခါးသီးတစ်လုံးလျှင် ယခင်က (၅၀၀)ကျပ်ဖြင့် ရောင်းချပြီ

ပြည်ဈေးကွက်အတွင်း ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရှမ်းပြည်ဒေသမှထွက်ရှိသော ယာကွန်ဥ(ခေါ်)ရေကန်းစွန်းဥများ အဝယ်လိုက်ပြီး အရောင်းအဝယ်သွက်နေကြောင်း သိရပါသည်။ ယခင်က ယာကွန်ဥတစ်ပိဿာလျှင် (၄၀၀၀)ကျပ် ရောင်းချပြီး ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာကို (၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ Online ပေါ်တွင်လည်း ယာကွန်ဥ(ခေါ်)ရေကန်စွန်းဥကို စားသောက်သူများ အများအပြားရှိနေသောကြောင့် အရောင်းအဝယ် သွက်နေကြောင်းလဲ သိရှိရပါသည်။

ပြည်ခရိုင်၊ ပြည်မြို့နယ် ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံရောင်းဝယ်လျက်ရှိရာ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီးသီးနှံများအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ပြည်ချင်းပွဲရုံများတွင် ယခုအပတ်ချင်းအရောင်းအဝယ်အေးလာပြီး ချင်းဈေးများသည် ယခင်အပတ်ဈေးအတိုင်းငြိမ်လျက်ရှိနေပါသည်။ ယခင်က ပွဲတော်ရာသီနှင့် ကထိန်အလှူများရှိသဖြင့် အရောင်းအဝယ်ကောင်းလာ၍ ဈေးအနည်းငယ်မြင့်တက်လာပြီး ယခုနိုဝင်ဘာ နောက်ဆုံးအပတ်မှစပြီး ဓားလှီးချင်း (ဖတ်) လုပ်ငန်းရှင်တို့ ရောင်းဝယ်မှုနှင့် လက်လီဈေး ရောင်းဝယ်ရေးသမားတို့ အရောင်းအဝယ်အေးတာကြောင့် ချင်းပွဲရုံသမားများလည်း အရောင်းအဝယ်အေးလာသည်ဟုသိရှိရပါသည်။ ယခုနိုဝင်ဘာလနောက်ဆုံးပတ်ချင်းဈေးမှာ ပွဲရုံဈေး (၁၅၀၀-၁၈၀၀)ကျပ်
