မအူပင်မြို့နယ် ဘိလပ်မြေ ဈေးနှုန်း တည်ငြိမ်လျက်ရှိ

Powered by Drupal

     မအူပင် မြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေ အမျိုးမျိုး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ပစ္စည်း ရောင်းချသူများရှိပြီး အိမ်ဆောက်ပစ္စည်းများကို ရန်ကုန်လက်ကားဒိုင်ကြီးများ၊ ကုမ္ပဏီများမှ မှာယူ၍ မြို့နယ်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၃ရက်နေ့ ရောင်းချသော အိမ်ဆောက်ပစ္စည်းဈေးနှုန်းများမှာ ဈေးအနေဖြင့်  ဘိလပ်မြေ အယ်လဖာ ၁အိတ် ၂၁၀၀၀ ကျပ်၊ ကြံနီ ၁အိတ် ၂၁၀၀၀၊ စက်အုတ်(ကျွန်းကုန်း)  ၁ခဲ ၃၅၀ကျပ်၊ မြစ်သဲ ၁ကျင်းလျှင် ၁၂၀၀၀(ဝန်ဆောင်ခမပါ)၊ ကျောက်စရစ် ၁ကျင်း ၁၇၀၀၀၀ ကျပ်၊  ၆မူးလုံး သံချောင်း ၁တန် ၁၆၁၀၀၀၀ ကျပ်၊ ၅မူးလုံး သံချောင်း ၁တန် ၁၄၀၀၀၀၀ကျပ်၊ Local များဖြစ်ပြီး၊ ၃မူးလုံး ၁တန်  ၁၃၆၀၀၀၀ ကျပ်၊ ၃ပဲ သံချောင်း တစ်တန် ၃၀၀၀၀၀၀ကျပ် အရောင်းအဝယ်ဖြစ်နေပြီး၊ ယခင် ဩဂုတ်လ ဈေးဖြင့် နှိုင်းယှဉ်ပါက သံချောင်းဈေးနှုန်းများ   ၁တန် ၄သိန်းနီးပါ’ခန့် ကျဆင်း၊ကြောင်းတွေ့ရပြီး အခြားကုန်ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)