ကရင်ပြည်နယ်ဒေသထွက်ခဝဲသီးဈေးနှုန်း

Powered by Drupal

          ကရင်ပြည်နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် တပိုင်တနိုင်မှ စီးပွားဖြစ်စိုက်ပျိုး ကြသည့် ရာသီစာခဝဲသီးများသည် ယခုအခါ လှိုင်လှိုင်ထွက်ရှိနေပြီးဖြစ်သည်။ ဒေသတွင်း ဈေးကွက် ၌ ဝယ်လိုအား ကောင်းမွန်ကာ ပုံမှန်ဝင်ငွေရရှိနေကြောင်း ဒေသခံစိုက်ပျိုးတောင်သူများနှင့် သီးနှံ ကုန်သည်များထံမှ သိရသည်။ကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊လှိုင်းဘွဲ့ ၊ကော့ကရိတ် ၊မြဝတီမြို့နယ် များရှိ မြစ်ချောင်း ကမ်းပါး မြေနုကျွန်းပေါ်များနှင့် ဥယျာဉ်ခြံမြေများတွင် ခဝဲသီးကို သီးထပ်အဖြစ် သော်လည်းကောင်း၊ သီးသန့်အဖြစ်သော်လည်းကောင်း အဓိက စိုက်ပျိုးကြသည်။ ခဝဲသီးကို စိုက်ပျိုး ပြီးရက်ပေါင်း (၄၅) ရက်မှ(၅၀)အကြားတွင် စတင်ခူးဆွတ်နိုင်ပြီး ရာသီဥတု သင့်တော်မှုနှင့် မြေဩဇာ ကျွေးမွေး စောင့်ရှောက်မှုူအပေါ် မူတည်၍ (၃) လနီးပါအထိ မပျက် ခူးဆွတ်ရောင်းချနိုင်သည့် သီးနှံဖြစ်သည်။ ယခုနှစ်တွင် မိုးရွာသွန်းမှု မှန်ကန်ခြင်းနှင့်ပိုးမွှားကျရောက်မှု နည်းပါးခြင်းတို့ကြောင့် ခဝဲသီး ထွက်နှုန်းနှင့်အသီးအရည်အသွေးလည်း ကောင်းမွန်ကြောင်း သိရသည်။ ဘားအံမြို့ မြို့မဈေး ကြီးနှင့်ဒေသ တွင်းပွဲရုံများ၌ ခဝဲသီးရောင်းဝယ်ဖောက်ကားမှုမှာ သွက်လက်နေပြီး ဈေးနှုန်း များမှာ လက်ကားဈေး ခဝဲသီးတစ်ပိဿာလျှင် (၃၀၀၀၊၃၅၀၀) ကျပ်၊ လက်လီဈေး ခဝဲသီး တစ်ပိဿာ လျှင် (၄၀၀၀၊ ၅၀၀၀) ကျပ်နှင့်အစီးလိုက်ရောင်းဈေးမှာ အသီးအရွယ်အစားပေါ်မူ တည်၍ ခဝဲသီး(၃၊၄) ထောင့်ပါ တစ်စီးလျှင် (၁၅၀၀၊၂၀၀၀)ကျပ်တို့ဖြင့် ရောင်းချကြသည်။ ကရင်ပြည်နယ်မှ ထွက်ရှိသော ခဝဲသီးကို ဒေသတွင်းမြို့မဈေးနှင့်ကျေးလက်ဈေးများသို့ အဓိကထား ဖြန့်ဖြူးရောင်းချလျက်ရှိသည့် အပြင် မွန်ပြည်နယ်၊မော်လမြိုင်နှင့်သထုံမြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။ ခဝဲသီးသည် ဟင်းသီးဟင်းရွက် စားသုံးသူများအကြား ရေပန်းစားပြီး ချက်ပြုတ်ရလွယ်ကူခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်ခြင်းတို့ကြောင့် ခဝဲသီးအရောင်းသွက်လျက်ရှိကြောင်း စိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (ကရင်)