ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဒေသခံတောင်သူလယ်သမား ကြီးများသည် စိုက်ပျိုးမြေများ ကောင်းမွန်မှုကြောင့် နွေစပါး၊ မိုးစပါးနှင့် ဆောင်းသီးနှံများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နေကြာ စသည့်သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပါသည်။

ကျောက်ဖရုံသီးသည် ကျန်းမာရေးအတွက် အထောက်အကူပြုသော အသီးအနှံတစ်မျိုးဖြစ်ပါသည်။ အဆုတ်၊ အူမကြီးကိုကောင်းမွန်စေသော သီးနှံတစ်မျိုးဖြစ်ပြီးကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ နွေရာသီတွင်စားသုံးပေးလျှင် အထူးသင့်လျော်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ကျောက်ဖရုံသီးကို အားနည်းတတ်သောသူ၊ ခေါင်းမူးတတ်သောသူ၊ ဖြူဖတ်ဖြူရော်ဖြစ်နေသောသူ၊ မျက်လုံးအမြင်ဝေဝါးခြင်း၊ ကျောက်ကပ်ရောဂါခံစားနေရသောသူများနှင့် ဆီးရောဂါခံစားနေရသောသူများ အထူးစားသုံးပေးသင့်ပါသည်။ ကျောက်ဖရုံသီးသည် ခန္ဓာကိုယ်အတွင်းရှိ

ကောက်ရိုးမှိုစိုက်ပျိုးခြင်းသည် မြန်မာလူမျိုးတို့နှင့် မစိမ်းပါ။ ကောက်ရိုးမှိုသည် သဘာဝအလျောက် ကောက်ရိုးပုံ၊ ကောက်ရိုးပြတ်ပုံများမှ အလိုအလျောက်ကောက်ရိုးမှိုများ ပွင့်ထွက်လာသည်ကိုလည်းတွေ့ရကြောင်း၊ ကျေးလက်ဒေသများတွင် ကောက်ရိုးပုံများကို ရေလောင်းခြင်း၊ ဆန်ကွဲ၊ ဖွဲနုများကြဲပက်ပေးခြင်းဖြင့် ကောက်ရိုးမှိုစိုက်ပျိုးကြကြောင်း၊ ကောက်ရိုးမှိုကို စနစ်တကျစိုက်ပျိုးခြင်းမရှိသဖြင့် အထွက်နှုန်းမကောင်းခြင်း၊ လုံးဝမထွက်ခြင်း၊ အထွက်နောက်ကျခြင်းနှင့် အပွင့်ငယ်ခြင်းတို့ဖြစ်တတ်ကြောင

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့ အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ဒေသထွက်ခရမ်းချဉ်သီးများနှင့် ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဉ်သီးများကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
