ကုန်သွယ်မှုသတင်းများ
တံတားဦးမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ရာသီချိန်သီးနှံအဖြစ် ပဲမြစ်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိရာ ကျေးရွာများရှိတောင်သူများသည် ပဲမြစ်ကိုနှစ်စဉ် စဉ်ဆက်မပြတ် စိုက်ပျိုးလာကြကြောင်း တွေ့ရှိရသည်။ တံတားဦးမြို့နယ် စိုက်ပျိုးထွက်ရှိလာသော ပဲမြစ်များသည် အခြားဒေသမှထွက်ရှိသော ပဲမြစ်များထက် အရွယ်အစားသေးငယ်ပြီး အရသာမှာစိမ့်ပြီး စေးပိုင်နေသောကြောင့် ဆောင်းရာသီပဲမြစ်ပေါ်ချိန်တွင် တံတားဦးမြို့နယ်အတွင်းရှိ မကျီးတောကျေးရွာမှ ထွက်ရှိသောပဲမြစ်များမှာ လူသိထင်ရှားပြ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့်အနက် နှစ်ရှည်သီးနှံဖြစ်သည့် အုန်းပင်များလည်း စိုက်ပျိုးလျက်ရှိပါသည်။ ကျောက်ဆည်မြို့နယ်တွင် အုန်းပင်စိုက်ဧက (၃၂)ဧက စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ အုန်းပင်တစ်ပင်တွင် အခိုင်(၃-၄)ခိုင်ရှိပြီး အလုံး(၃၀ မှ ၄၀)အထိသီးကြောင်း၊ တစ်လုံးလျှင် ယခင်ဈေး(၂၅၀၀)ကျပ်မှ ယခုဈေး (၄၀၀၀) အထိရောင်းချရကြောင်း၊ အုန်းစိမ်းရေသောက်ရန်နှင့် အုန်းစိမ်းနုနုလေးစားရန်အတွက် ယခင်ဈေး (၁၅၀၀) ကျပ်မှ ယခုဈေး (၂၀

မန္တလေးမြို့သို့ ခရမ်းချဉ်သီးထွက်ရှိရာဒေသများဖြစ်ကြသည့် အင်းလေးဒေသ၊ ရွာငံဒေသနှင့် ပြင်ဦးလွင်၊ မုံရွာ၊ ရမည်းသင်း၊ ပျော်ဘွယ်မြို့၊ စစ်ကိုင်းတိုင်းနှင့် ဆင်ရွာကြီးတို့မှ ခရမ်းချဉ်သီးများ နေ့စဉ်ဝင်ရောက်လျက်ရှိသည်။ ခရမ်းချဉ်သီးများထဲမှ အင်းလေးဒေသထွက် ခရမ်းချဉ်သီးသည် အချိုဖြစ်သည့်အလျောက် အထားခံဆုံးဖြစ်သည်။ အင်းလေးခရမ်းချဉ်သီးမှာ ဈေးအရဆုံးဖြစ်သည်။ ပြင်ဦးလွင်၊ မုံရွာဒေသအသီးတို့မှာ အထိုက်အလျောက် ဈေးကောင်းရသော်လည်း အင်းလေးဒေသအသီးကဲ့သို့ အထားမခံပါ။ ပျော်ဘွယ်၊ ရမည်းသင်းဒေသ

ကျောက်ဖရုံသီးထွက်ရှိရာဒေသများဖြစ်ကြသည့် မြစ်သား၊ ပျော်ဘွယ်၊ တပ်ကုန်းနှင့် မုံရွာတို့တွင် ကျောက်ဖရုံသီးများကို အခြားလယ်ယာထွက်ကုန်များကဲ့သို့ စီးပွားဖြစ်စိုက်ပျိုးကြသည်။ ကျောက် ဖရုံသီးကို မိုးနှောင်းကာလတွင် စိုက်ပျိုးကြပြီး ဆောင်းဦးတွင် အသီးများထွက်ရှိသည်။ ထွက်လာသော ကျောက်ဖရုံသီးများကို အထွက်နှုန်းကောင်းမွန်စေရန် အသီးထပ် အသီးညှပ်ကလေးများကို ဆွတ်ခူး ကြသည်။ အချို့ထွက်ရှိရာဒေသများတွင် ထန်းလျက်ဖြင့်ယိုထိုး၍ စားသုံးလေ့ရှိပြီး အချို့မှာ ဟင်းချို ချက်ကြသည်။ ရင့်မှည့်၍

မန္တလေးစျေးကွက်အတွင်း ကုန်စိမ်းဝင်ရောက်မှုအနေဖြင့် မန္တလေး၊ အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ပြင်ဦးလွင်နှင့် စဉ့်ကိုင်မြို့နယ်များမှ ထွက်ရှိသည့်ကုန်စိမ်းများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဝင်ရောက်မှုများမှာ ပိုမိုများပြားကြောင်း သိရှိရပါတယ်။ မဟာအောင်မြေမြို့နယ်ရှိ ဝေယံထွန်းစျေး(၄၁ လမ်းနှင့်ကမ်းနားလမ်းနေရာ) နှင့် အောင်မြေသာစံမြို့နယ်ရှိ သီရိမာလာဈေး ( ၂၅ လမ်းနှင့် ၂၆ လမ်းကြား၊ ကမ်းနားလမ်း၊ ပိုက်ကျုံးနေရာ)တို့မှာ ဟင်းသီးဟင်းရွက်ကုန်စိမ်းများ အဓိကထား
