
အစာလည်းဆေး၊ဆေးလည်းအစာဆိုသည့်အတိုင်း လူတို့ခန္ဓာကိုယ်အတွက် အဟာရ ဖြစ်စေရန် ဟင်းသီးဟင်းရွက်နှင့်သီးနှံမျိုးစုံကိုရွေးချယ်စားသုံးသင့်ပြီး ကျန်းမာခြင်းသည် လာဘ်တစ်ပါဆိုသည့်အတိုင်း အဟာရမျှတအောင် သုံးဆောင်မှီဝဲသင့်ပါသည် ။ ယခုလို ဆောင်းရာသီ အချိန်တွင်ဟင်းသီးဟင်းရွက်နှင့်သီးနှံစုံများ ကျောက်ဆည်မြို့ရှိ မြို့မစျေး နှင့် အေးမြကြည်လင်စျေးတို့တွင်ရာသီအလိုက်သီးနှံမျိုးစုံများ ရောင်းအားကောင်းလျှက်ရှိပါသည်။ ရာသီစာသီနှံများဖြစ်သော ရုံးပတီသီး၊ ခဝဲသီး၊ ပဲတောင့်ရှည်သီး၊ ကြက်ဟင်းခါးသီး၊ ခရမ်းသီး၊ မုံလာထုပ်နှင့် ပန်းမုံလာ စသည့်သီးနှံများ လှိုင်လှိုင်ထွက်ပေါ်လျှက်ရှိပါသည် ။ ယခုအချိန်တွင် ရုံးပတီသီး (၁)ပိဿာလျှင်(၃၇၀၀/-)ကျပ်၊ခဝဲသီး(၁)ပိဿာလျှင်(၃၄၀၀/-)ကျပ် ပဲတောင့်ရှည်သီး (၁)ပိဿာလျှင် (၃၂၀၀/-)ကျပ် ၊ ကြက်ဟင်းခါးသီး (၁)ပိဿာလျှင်(၃၀၀၀/-)ကျပ် ၊ ခရမ်းသီး (၁)ပိဿာလျှင်(၃၅၀၀/-)ကျပ် ၊ မုံလာထုပ်တစ်ထုပ်လျှင် (၁၀၀၀-၁၅၀၀)ကျပ် နှင့် ပန်းမုံလာ တစ်ပွင့်လျှင်(၂၅၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါ သည်။
DOCA(မန္တလေး)
