“ထန်းလက်ကုလားထိုင်ပြုလုပ်ခြင်းဖြင့်မိသားစုအပိုဝင်ငွေရရှိ”

Powered by Drupal

          ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အသေးစား၊အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက်ကျောက်ဆည်မြို့နယ်၊ကျောင်းကုန်းကျေးရွာရှိ ထန်းလက် ကုလားထိုင်ပြုလုပ်ရောင်းလျှက်ရှိသည့်လုပ်ငန်းအား  ကွင်းဆင်းလေ့လာခဲ့ပါသည်။ ၄င်းလုပ်ငန်းအား မိသားစုတစ်နိုင်တစ်ပိုင်အပိုဝင်ငွေရရှိရေးပြုလုပ်ရောင်းချလျှက်ရှိပါသည်။ကျောင်းကုန်းကျေးရွာတွင် ထန်းလက်ကုလားထိုင် လုပ်ငန်းကို မိရိုးဖလာအဖြစ် ရှေးယခင်မှစ၍ လုပ်ကိုင်ဆောင်ရွက်လျှက် ရှိကြောင်းသိရှိရပါသည်။ ထန်းလက်ကုလားထိုင်ပြုလုပ်ရန်အတွက် ထန်းကြီးလက်ဖျားကို ထန်းပင်မှ ခုတ်ယူပြီး နေပူခံကာအခြောက်လှမ်းထားရကြောင်း ၊ ယင်းသို့နေပူခံကာ အခြောက်လှမ်းထားသော ထန်းလက်ကုလားထိုင်သည်ရေရှည်ခိုင်ခံ့မှုရှိမည်ဖြစ်ကြောင်း၊ ထန်းလက်ကုလားထိုင်တစ်လုံးပြုလုပ် မည်ဆိုပါက ထန်းအလက်(၃၀)ကုန်ကျမည်ဖြစ်ပြီး (၁)လက်လျှင်(၁၀၀/-)ကျပ်ဖြင့် ဝယ်ယူရ ကြောင်း၊ ကုလားထိုင်တစ်လုံးအား ထန်းလက်များဖြင့်သာပြုလုပ်ထားပြီး ကုလားထိုင်ခိုင်ခန့်ရန် အတွက်သံမှိုကိုအသုံးပြု၍ထိန်းထားကြောင်း ၊ ကုလား ထိုင်တစ်လုံးလျှင် (၁)လက်မသံနှင့်(၅)မတ်သံ (၅)ကျပ်သားကုန်ကျမည်ဖြစ်ပြီး သံမှိုစျေးအနေဖြင့်(၈၀၀/-)ကျပ်ကုန်ကျကြောင်း၊ လူတစ်ဦး(၁)ရက် လျှင် ကုလားထိုင်တစ်လုံးပြီးစီးကြောင်း ၊ ကုလားထိုင်တစ်လုံးပြုလုပ်ရာတွင် အပြီးအစီး (၅၀၀၀-၆၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း ၊ ကျေးရွာအတွင်း ပြန်လည်ရောင်းချပါက တစ်လုံးလျှင်(၁၀၀၀၀/-) ကျပ်အထိရှိပြီး ပြုလုပ်ရောင်းချသူများအနေဖြင့် နေ့စားလုပ်အားခနှင့်ယှဉ်လျှင် တွက်ခြေကိုက် ကြောင်း ၊ မပြုလုပ်နိုင်သူများမှငွေကြိုတင်‌ပေး၍ဆိုင်ကယ်ဖြင့် လှည့်လည်ရောင်းချကြကြောင်း ၊ ကြိုတင်ပေးယူ၍ ပြန်လည်ရောင်းချသောကြောင့် ကုလားထိုင်တစ်လုံးလျှင်(၁၂၀၀၀/-)ကျပ်ပေးဝယ် ၍ပြန်လည်ရောင်းချကြကြောင်း၊ လူတစ်ဦးလျှင် (၁)ရက် တစ်လုံးခန့် ပြုလုပ်၍ရောင်းချပါက တစ်လ အကျိုးအမြတ်အနေဖြင့် (၁၅၀၀၀၀-၁၆၀၀၀၀)ကျပ်အထိရရှိနိုင်ကြောင်း ၊ ကျောင်းကုန်းကျေးရွာမှ ထန်းလက်ကုလားထိုင်ပြုလုပ်သူတစ်ဦး၏ပြောကြား ချက်အရသိရှိရပါသည်။

DOCA(မန္တလေး)