ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ရာသီစာ ထောပတ်သီးများ ရောင်းချလျက်ရှိပါသည်။ ထောပတ်သီးများကို ရှမ်းပြည်နယ်၊ တောင်ကြီး၊ မန္တလေး၊ ပြည်ဦးလွင်စသည့် ဒေသများမှ ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ယခု ဒီဇင်ဘာလ၊ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ထောပတ်သီးဈေးနှုန်းမှာ အသေး(၁)လုံး (၅၀၀)ကျပ်၊ ထောပတ်သီးအကြီး (၁)လုံးလျှင် (၆၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။
ကလေးမြို့နယ်တွင် နိုဝင်ဘာလ အစောပိုင်းမှစ၍ ကောက်ညှင်းကျဉ်တောက်ခေါ် ပေါင်းသင်းဝါးများ ဈေးကွက်အတွင်း ဝင်ရောက်ရောင်းချလာပါသည်။ ပေါင်းသင်းဝါး ပေါ်စတွင် တစ်ဆစ်လျှင် (၁၀၀၀)ကျပ်ခန့်ပေးရပြီး ယခုလှိုင်လှိုင်ပေါ်သည့်အချိန်တွင် ပေါင်းသင်းဝါး တစ်ဆစ်လျှင် (၃၀၀)ကျပ်ခန့်ပေး၍ ဝယ်ယူရပါကြောင်း ၊ကောက်ညှင်းအဖြူအသစ် တစ်ပြည်လျှင် ( ၆၀၀၀ ) ကျပ်၊ ကောက်ညှင်းအနက် တစ်ပြည် (၆၅၀၀
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲ လျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုလေ့လာ၍ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန္တလေးပန်းဈေးကွက်အတွင်းသို့ အများအားဖြင့် အမရပူရ၊ ပုသိမ်ကြီး(လက်ကောင်း၊ ကျောက်မီး၊ သုံးအိမ်၊ ထုံးဘို၊ တံတိုင်းရှည်)၊ ပြင်ဦးလွင်၊ မတ္တရာ၊ တံတားဦးဒေသတို့အပြင် ရှမ်းပြည်နယ် တောင်ကြီးဒေသမှထွက်ရှိသော ပန်းများဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်း တွင်တွင်ကျယ်ကျယ် ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။ မန္တလေး-ပြင်ဦးလွင်လမ်းအနောက်ဘက် လက်ကောင်းကျေးရွာ မင်းကြီးရန်နောင်လမ်းပေါ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ပန်းဈေးနှင့် ၂၆လမ်းx ၂၅လမ်းကြား၊ ကမ်းနားလမ်းရှိ သ

မန္တလေးမြို့အတွင်းရှိ စည်ပင်သာယာမြို့မဈေးကြီးများ၊ ရပ်ကွက်ဈေးများနှင့် စတိုးဆိုင်များတွင် ဆောင်းရာသီ၏ အအေးဒဏ်ကို ကာကွယ်နိုင်ရန်အတွက် နွေးထွေးမှုကိုပေးနိုင်သော အနွေးဦးထုပ်၊ အင်္ကျီ၊ ဘောင်းဘီ၊ ခြေအိတ်နှင့်လက်အိတ် အစရှိသည့် ဆောင်းရာသီသုံး လူသုံးကုန်ပစ္စည်းများ ယခုလ (ဒီဇင်ဘာလ) အတွင်း အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရှိရသည်။
