ကုန်သွယ်မှုသတင်းများ
ပြည်ပဲဈေးကွက်သို့ ပဲစင်းငုံသီးနှံသစ်များ နေ့စဉ်အဝင်ရှိလာတာကြောင့် တစ်ရက်အိတ်(၃၀၀-၄၀၀)ကျော်ဝင်ရောက်ခဲ့ပြီး ပြည်တစ်ဖက်ကမ်း ပန်းတောင်း၊ မင်းတုန်းဖက်မှ ဝင်ရောက်ခဲ့ကြပါ သည်။ ဝယ်လိုအားအနေဖြင့် ရန်ကုန်ဝယ်လက် အဓိကဝယ်ယူမှုရှိသလို လှောင်ပဲသမားအချို့လည်း ဝယ်ယူနေခဲ့ကြပါသည်။ ပဲသစ်ဈေးမှာ တစ်တင်း ၉၉၅၀၀၀)ကျပ်မှ (၉၆၀၀၀)ကျပ်အထိ ပဲအရည် အသွေးလိုက်၍ ဈေးကွာခြားမှုရှိခဲ့ပါသည်။ ပဲစင်းငုံဈေးမှာ ယခင်နှစ်က နှစ်ဆန်းပိုင်း တစ်တင်း (၁၀၉၀၀၀)ကျပ်မှ (၁၁၀၀၀၀)ကျပ် ရရှိခဲ့သည့်အတွက် ယခုနှစ်ဈေးမှာ ယခင

ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများမှ တနိုင်တပိုင် ကြံစိုက်တောင်သူများမှ နဝဒေးသကြားစက်သို့ ကြံများရောင်းချကြပါသည်။ ကြံ(၁)တန်လျှင် စက်ရုံမှ (၁၈၀၀၀၀)ကျပ်ဈေးဖြင့် ဝယ်ယူ၍ (၂၇.၁.၂၀၂၅)နေ့ထိ ကြိတ်ဝါးပြီး ကြံတန်ချိန် (၁၈၅၉၂၃.၉၀)တန်၊ ကြိတ်ဝါးပြီး သကြားတန်ချိန်(၁၇၈၀၀.၆၀)တန် ဖြစ်ကြောင်း သိရှိရပါသည်။ နဝဒေးသကြား စက်မှုထုတ်လုပ်ရရှိသည့် သကြားများကို ပြည်တွင်းမှာပင် ပြန်လည်၍ ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။

ပြည်ဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ်များ အောက်တိုဘာလကုန်ပတ်တွင် စတင်ဝင်ရောက် လာခဲ့ပြီး ယခုနှစ်ဆန်းပိုင်းမှာတော့ ပြည်အနီးတဝိုက်နှင့် မင်းတုန်း၊ ကံမ ဖက်မှ ဝင်ရောက်မှုများ ရှိသော်လည်း အိတ်အနည်းငယ်သာ ဝင်ရောက်ခဲ့သည့်အတွက် နေ့စဉ်အရောင်းအဝယ်မဖြစ်ဘြ တစ်ခါတစ်ရံမှသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။ အရောင်းအဝယ်ဖြစ်သည့်ရက်တွင် အိတ်(၂၀၀)ကျော်ရောင်းချခဲ့ကြပါသည်။ ပဲဈေးနှုန်းအနေဖြင့်ပိဿာ(၂၀)၊ တစ်တင်း(၉၉၀၀၀)ကျပ်မှ ()ကျပ်ထိ ဈေးမြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ပဲသစ်ပေါ်စ အချိန်က တစ်တင်

ပြည်ပဲဈေးကွက်သို့ ဘိုကိတ်ပဲသစ်များ အထွက်လှိုင်လာသည့်အတွက် ဝင်ရောက်မှုအနေဖြင့် တစ်ရက်ကို အိတ်(၂၀၀-၂၅၀)ကျော်ဝင်ရောက်လာခဲ့ပါသည်။ မင်းတုန်း၊ ကံမ၊ ပန်းတောင်း မြို့နယ်များမှ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြိး ဒေသတွင်း လက်လီသမားများသည် နေ့စည်အဝယ်ရှိနေသလို လက်ကားဝယ်ယူမှုများလည်းရှိကြောင်းသိရပါသည်။ ဈေးနှုန်းအနေဖြင့် တစ်တင်း (၈၅၀၀၀) ကျပ် ဖြင့် ရောင်းဝယ်လျက်ရှိခဲ့တာကြောင့် ပဲသစ်ပေါ်စအချိန် ဈေးနှုန်းထက် ဈေးအနည်းငယ် လျော့နည်း သွားခဲ့ပါသည်။ ပဲသစ်ပေါ်စအချိန်ဈေးနှုန်းမျာ တစ်တင်းကျပ် (၁၀၀၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင် (၁၀)ဆိုင် နီးပါးခန့် ရှိပါသည်။ ဆိုင်ကြီးမှာ (၄)ဆိုင်နီးပါးခန့် ရှိ၍ ယခုတစ်ပတ်တွင်း ဘိလပ်မြေ ဈေးမှာ ပိုမို၍ ယခင်အပတ်ကထက်အနည်းငယ်မြင့်တက်လာခဲ့ပါသည်။ မြို့တွင်းဆိုင်ကြိးများမှာ ရန်ကုန် ကုမ္ပဏီ ကြီးများဖြစ်သော နိုင်းနိုင်းကုမ္ပဏီနှင့် ရွှေမေတ္တာကုမ္ပဏီကြီး များဝယ်ယူ ရောင်းချ ကြပြီး ယခင်နှစ်ကုန် လများမှ စတင်၍ ဘိလပ်မြေမှာ လိုအပ်သလောက် ဝယ်ယူမရရှိခဲ့ကြောင်း၊ ကျောက်ဆည်ဘိလပ်မြေ စက်ရုံမှ ဘိလပ်မြေ
