ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Mar 2025

 ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျီးသဲမြို့သို့ သွားရာလမ်းတလျှောက်တွင် သစ္စာပန်းပင် များကို စီးပွားဖြစ်ရော၊ တစ်နိုင်၊ တစ်ပိုင်ပါ စိုက်ပျိုးရှိတာတွေ့ရပါသည်။ စိုက်ပျိုးသော မျိုးများမှာ မြန်မာမျိုးနှင့် ဟော်လန်မျိုးတို့ဖြစ်ပါသည်။ ယခုအချိန်ဖြစ်သော မတ်လတွင် သစ္စာပန်းများ စတင်ထွက်ပေါ် လာချိန်ဖြစ်၍ ကျေးရွာများတွင် အဝယ်ဒိုင်များဖွင့်လှစ်ပြီး ရွှေမြို့ရှိ ပန်းဒိုင်များ သို့တင်ပို့ရောင်းချသည်ဟု သိရပါသည်။ ရွှေတောင်မြို့မှ ရွှေနတ်တောင် ဘုရားသို့သွားရာလမ်းဖြစ်သော ရွှေနတ်တောင်ဘုရား ကျော်

18 Mar 2025

ပြည်ကုန်စည်ဒိုင်သည်လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသော မြို့ဖြစ်၍ ပဲမျိုးစုံ အရောင်း အဝယ်သွက်လျက်ရှိပါသည်။ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်ပဲများ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

18 Mar 2025

ဆောင်းအကုန်နွေအကူး လေရူးထသည့် နွေဦးကာလတွင် ရာသီဥတုပူပြင်းသဖြင့် အချို၊ အချဉ်၊ အငန်၊အစပ် အရသာများကို စားသုံးလေ့ရှိကြပါသည်။ တောင်ငူမြို့ပေါ်ရှိ လမ်းမများတွင် ရာသီဥတု ဒဏ်ကို အံတု၍ ဝမ်းရေးအတွက် လှုပ်ရှားနေကြသည့် ခေါင်းရွက်စျေးသည်လေးများသည် ဟင်းထုပ်၊ သရက်သီးစိတ်၊ကန်စွန်းဥ၊ပဲမြစ်၊ဆီးသီးနှင့် မြေပဲပြုများ ရောင်းချလျှက်ရှိပါသည်။

18 Mar 2025

          တောင်ငူမြို့ ညောင်ပင်ဈေးတွင် ခရမ်းချဉ်သီး (ဒေသသီး)မှာ ယခင်လက ၁၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၈၀၀ ကျပ်အထိ စျေးနှုန်းကျဆင်းသွားပါသည်။    

သခွားသီးမှာ ယခင်လက ၂၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၁၈၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။ ဂေါ်ဖီမှာ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။ ပန်းဂေါ်ဖီပွင့် စျေးနှုန်းအနေဖြင့် အပွင့်ကြီး တစ်ပွင့်လျှင် ၁၀၀၀ ကျပ် ဖြစ်ပြီး၊ အပွင့်အသေး တစ်ပွင့်လျှင် ၈၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

18 Mar 2025

          တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ကြက်သား (အိမ်မွေးကြက်)မှာ ယခင်လက တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၃၂၀၀၀ ကျပ်ဖြင့် စျေးနှုန်း ၂၀၀၀ ကျပ် တက်ပြီး စီပီကြက်သားမှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ဖြင့် စျေးနှုန်းတည်ငြိမ်နေပါသည်။

          ဘော့ပုဇွန်မှာ ယခင်လက တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၂၃၀၀၀ ကျပ်ဖြင့် စျေးနှုန်း ၃၀၀၀ တက်ပြီး ချောင်းပုဇွန်မှာ တစ်ပိဿာလျှင် ၄၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

Pages