ကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားနိုင်ငံ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပထဝီဒေသ ဆိုင်ရာအညွှန်း (GI) အသိအမှတ်ပြု ထုတ်ကုန်များအဖြစ် သတ်မှတ်ရန်အလားအလာရှိသော ကုန် ပစ္စည်းများစာရင်းကို ဒီဇင်ဘာလ တတိယရက်သတ္တပတ်တွင် ထုတ်ပြန်ခဲ့ရာ ဆန်၊ သီဟိုဠ်စေ့၊ သရက်သီးနှင့် ဒူးရင်းသီးတို့ပါဝင်ကြောင်း သိရှိရသည်။

ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ကော်ဖီထွက်ရှိမှု ပြန်လည်ကောင်းမွန်လာခြင်း ကြောင့် ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုသည် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် သိသာစွာ တိုးတက်လာ မည်ဖြစ်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ တစ်နှစ် နှစ်ကြိမ်ထုတ်ဝေသည့် နောက် ဆုံးထုတ် အစီရင်ခံစာ၌ ဖော်ပြပါရှိပါသည်။

အိန္ဒိယနိုင်ငံတွင် ကုလားပဲ၏နေရာ၌ အဓိက အစားထိုးသုံးစွဲနိုင်သော စားတော်ပဲအား အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုသည့် ကာလကို ဒီဇင်ဘာ ၂၄ ရက်နေ့တွင် နောက် ထပ် သက်တမ်း ၂ လ တိုးမြှင့်လျက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ အစိုးရက ခွင့်ပြုပေးခဲ့ ကြောင်း Financial Express သတင်းဌာနက ဖော်ပြပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ဧရာဝတီမြစ်အနောက်ဖက်ကမ်းတွင် တည်ရှိပြီး နှစ်စဉ်ဆီထွက်သီးနှံ မြေပဲကို မိုးနှင့်ဆောင်း နှစ်ရာသီစိုက်ပျိုးလျက်ရှိသည်။ ဆောင်းမြေပဲကို ရွာသစ်၊ အနောက်ပိုင်း၊ အလယ်ပိုင်းရပ်ကွက်နှင့် ကိုးတောင့်၊ ချင်းတောင်၊ အောက်ဆိပ်၊ မြင်ကဝ၊ ကမ္ဘားကြီးအုပ်စုအတွင်းရှိ တောင်သူများသည် ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်းကျွန်းမြေများတွင် (၃)လပဲ မြေပဲလုံးဆံ(ဖြူ) S1 အတောင့်သေးမျိုးကို စိုက်ဧက(၁၀၀၀)ခန့်အား ဒီဇင်ဘာလဆန်းမှစတင်၍ စိုက်ပျိုးကြပြီး ဖေဖေ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဈေးကွက်တွင် စားသုံးသူတို့၏ အခြေခံစားကုန်တစ်မျိုးဖြစ်သော ဆောင်းသီးနှံ မုန်လာဥ(ဖြူ)များလည်း နေ့စဉ် ရောင်းဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးရာမှ ကုန်စိမ်းသီးနှံ မုန်လာဥ(ဖြူ) စိုက်ပျိုးမှုကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး မြစ်ခြေ၊ ကမ္မမြို့နယ်များ၌ ပခုက္ကူကျွန်းကျေးရွာ များဖြစ်သည့် ကျွန်းဦး၊ ကျွန်းညိုကြီးကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး ယခုအချိန