ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကုက္ကိုလှ၊ ကျွန်းညိုကြီး၊ မြင်းကျွန်း၊ ကျွန်းညို၊ သံပုရာပင်ကုန်း၊ မှိုက်ပင်ကုန်း၊ တင်းဂါတ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိက ထားလုပ်ကိုင်ကြပြီး ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်းကျွန်းမြေများတွင် နှစ်စဉ် ဆေးရွက်ကြီး၊ အစေ့ထုတ်ပြောင်း(CP)၊ ငရုတ်၊ ပဲမျိုးစုံနှင့် ကုန်စိမ်းသီးနှံမျိုးစုံကို ရာသီအလိုက်ဒေသစီးပွားဖြစ် စိုက်ပျိုးကြပြီး ငရုတ်သီးနှံနှင့် ဆေးရွက်ကြီးကို စိုက်ဧကအများဆုံး စိုက်ပျိုးကြောင်း
ကြက်ဟင်းခါးသီးကို ပြည်မြို့နယ်အတွင်းရှိကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးကြသလို ခြံစည်းရိုးများတွင်လည်း မိသားစုစားသုံးရန်အတွက် စိုက်ပျိုးကြပါသည်။ စီးပွားဖြစ်စိုက်ပျိုးကြသော ကြက်ဟင်းခါးသီးပင်ကို မိုးဦးကျကာလဖြစ်သော မေလနှင့် ဇွန်လတွင် စိုက်ပျိုးကြသလို ဆောင်းရာသီဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင်လည်း စိုက်ပျိုးကြပါသည်။ ကြက်ဟင်းခါးပင်၏ သက်တမ်းမှာ (၇၅)ရက်မှ (၉၂)ရက်ထိရှိသည်ဟု သိရပါသည်။ ကြက်ဟင်းခါးပင်ကို စီးပွားဖြစ်စိုက်ပျိုးလျင် တစ်ဧကကို အလုံးရေ(၃)သောင်းခန

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှတိုက်ရိုက် တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစား ထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်း သိရသည်။
ရေဥကို ရွှေတောင်ဒေသတွင်သာမက ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများတွင် ရေသန့်သောကန်များရှိနေရာတိုင်းလိုလို ရရှိနိုင်ပါသည်။ ရေဥကို ဈေးများလိုလိုတွင်ရောင်းချသဖြင့် လူအများဝယ်ယူစားသုံးကြပါသည်။ လူတချို့မှာ စားဘူး၍ကြိုက်နှစ်သက်ကြသလို လူတစ်ချို့မှာမစားဘူး၍ ဝယ်ယူစားသုံးမှုမရှိကြပါ။ ဈေးကွက်တွင်ရောင်းချသော ရေဥဈေးနှုန်းများအနေဖြင့် နိုဆီဘူးတစ်ဘူးလျှင် ၂၅၀ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။ ရေဥအား ချက်ပြုတ်စားသောက်ရာတွင် ပထမဦးစွာ ရေဥများကိုရေထဲတွင်ထည့်ပြီး ရေစစ်ဇကာဖြင့် ဆယ်ယူ

ရွှေဖရုံသီးသည် များသောအားဖြင့် လုံးဝန်း၍ ထိပ်နှစ်ဖက်ပြားသည်။ ဘေးတွင်အမွှာအမြောင်းများဖြစ်နေပြီး အသီး၏လုံးပတ်သည်တစ်ခါတစ်ရံခုနှစ်လက်မမှ ရှစ်လက်မအထိရှိတက်သည်။ မျိုးလုပ်ရန်ထားသောအသီးသည် တစ်ခါတစ်ရံပိဿာ (၆၀)မှ (၁၀၀)အထိလေးတက်ကြပါသည်။ အခွံသည်မာ၍ အရောင်အမျိုးမျိုးဖြစ်သည်။ နုစဉ်အစိမ်းပေါ်တွင် အစက်ပြောက်များရှိ၍ ရင့်လာသည့်အခါ ဝါညိုညိုပေါ် ၌အစက်အပြောက်များရှိလာသည်။ အခွံမှအသား ကိုထုတ်၍ အခွံကိုအခြောက်လှမ်းပြီးလျှင် ခွက်အဖြစ် သုံးစွဲကြသည်။ အတွင်းသားသည် နုသည့်အခါ ဝါဖျော့ဖျော့ဖ
