ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်ရှိ ပဲဈေးကွက်အနေဖြင့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်နှင့်မတ်လပထမပတ်တို့တွင် မတ်ပဲ((၂၀)ပိဿာတစ်တင်းကို ၉၉၀၀၀/ကျပ်ရှိခဲ့ပြီး မတ်လဒုတိယပတ်တွင် ၉၆၃၀၀ ကျပ်ရှိခဲ့ရာ အနည်းငယ်ကျဆင်းသွားကြောင်း ပဲငပိ (၂၀)ပိဿာ တစ်တင်းကို ၁၁၂၀၀၀ကျပ်၊ကုလားပဲ(၂၀)ပိဿာတစ်တင်းလျှင် ၆၉၀၀၀ကျပ်၊စားတော်ပဲတစ်ပြည်ကို ၉၀၀၀ကျပ်၊ပဲဖြူသေးတစ်ပြည်လျှင် ၁၁၀၀၀ကျပ်၊ဘိုကိတ်တစ်ပြည်လျှင် ၇၅၀၀ ကျပ်၊ပဲနီစေ့တစ်ပြည် လျှင် ၇၅၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးအတွင်းပဲမျ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် စပါးဈေးကွက်အခြေအနေမှာဖေဖော် ဝါရီလနောက်ဆုံးပတ်နှင့် မတ်လပထမပတ်တို့တွင် ဆင်းသုခ၊မနောသုခစပါး ၄၆ပေါင်တင်း ၁၀၀လျှင် ၁၆၅၆၀၀၀/ရှိခဲ့ပြီး မတ်လဒုတိယပတ်တွင် ၁၇၀၂၀၀၀/ရှိခဲ့ကာ စပါးဈေးအနည်းငယ်သာ မြင့်တက် ခဲ့ပြီး အရောင်းအဝယ်အေးလျက်ရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ် ယခုနှစ်မတ်လပထမပတ်မှစ၍အလှူအတန်း များပေါများသဖြင့် ငါးခြောက်ဈေးကွက်များ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးကြီး အတွင်းငါးခြောက်ကုန်သည်ကြီးများထံမှ သိရှိရပါသည်။ အများအားဖြင့်ငါးအသားခြောက်၊ငါးတံခွန် ခြောက်များ ပိုမိုရောင်းရပြီး ငါးခြောက်ထောင်းပြုလုပ်ရန် ဝယ်ယူလျက်ရှိကြကြောင်း ရန်ကုန်မှမှာယူ ရောင်းချကြောင်းသိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊လက်ပံတန်းမြို့ စည်ပင်သာယာဈေးတွင်းရှိသော ဂျင်း ဈေးနှုန်းများမှာ ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ဂျင်း (၁၀)ကျပ်သားလျှင် ၁၀၀၀ ကျပ်ရှိခဲ့ပြီး မတ်လဒုတိယပတ်တွင်လည်း ၈၀၀ ကျပ်ရှိနေပါသည်။ ဂျင်းဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်းသိရှိ ရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် (၅၀၀၀/ ၄၀၀၀/ ၃၀၀၀) ကျပ်၊ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ရှိနေခဲ့ပြီးမတ်လဒုတိယပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် (၃၀၀၀/၂၅၀၀/၂၀၀၀/)ဈေးနှုန်းတို့အသီးသီးရှိနေကြပါသည်။
