ကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်၊ ပြည်မြို့နယ် ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံရောင်းဝယ်လျက်ရှိရာ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီးသီးနှံများအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ပြည်ချင်းပွဲရုံများတွင် ယခုအပတ်ချင်းအရောင်းအဝယ်အေးလာပြီး ချင်းဈေးများသည် ယခင်အပတ်ဈေးအတိုင်းငြိမ်လျက်ရှိနေပါသည်။ ယခင်က ပွဲတော်ရာသီနှင့် ကထိန်အလှူများရှိသဖြင့် အရောင်းအဝယ်ကောင်းလာ၍ ဈေးအနည်းငယ်မြင့်တက်လာပြီး ယခုနိုဝင်ဘာ နောက်ဆုံးအပတ်မှစပြီး ဓားလှီးချင်း (ဖတ်) လုပ်ငန်းရှင်တို့ ရောင်းဝယ်မှုနှင့် လက်လီဈေး ရောင်းဝယ်ရေးသမားတို့ အရောင်းအဝယ်အေးတာကြောင့် ချင်းပွဲရုံသမားများလည်း အရောင်းအဝယ်အေးလာသည်ဟုသိရှိရပါသည်။ ယခုနိုဝင်ဘာလနောက်ဆုံးပတ်ချင်းဈေးမှာ ပွဲရုံဈေး (၁၅၀၀-၁၈၀၀)ကျပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်ခွေးရဲကျေးရွာမှ တောင်သူဦးချင်း၏ လယ်ယာမြေ (၀.၂၅)ဧကတွင် သခွားသီးများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေများတိုးပြီး စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရပါသည်။

ကျေးလက်ဒေသများတွင် ပိန်းဥကို ခြံဝင်းကျယ်ကျယ်အတွင်း မြေကွက်လပ်တွင် စိုက်ပျိုးကြပါသည်။ ပိန်းဥ ရေစိမ့်ဝင်မှုအားကောင်းသော မြေမျိုးကို နှစ်သက်ပါသည်။ မိုးဦးကျကာလတွင် စိုက်ပျိုးပြီး မိုးရာသီကုန်လျှင် ပိန်းဥများပေါ်ပြီဖြစ်ပါသည်။
ပိန်းဥသည် ပိုတက်စီယမ်နှင့် အခြားသတ္ထုဓါတ်ပါဝင်သည့်အပြင် အမျှင်ဓါတ်လည်းပါဝင်သဖြင့် ကျန်းမာရေးကို အထောက်အကူပြုပါသည်။ စနစ်တကျ ချက်ပြုတ်၍ နူးအိ၍ အလွန်စားကောင်းသော ဥတစ်မျိုးဖြစ်ပါသည်။
ထန်းမြစ်ဆိုသည်မှာ ထန်းသီးအရင့်များကို မြေကြီးထဲတွင် မြှုပ်ထားပြီး သုံးလခန့်အကြာတွင် ထွက်လာသည့် ထန်းပင်ပေါက်ကလေးများကို ခေါ်ပါသည်။ အရသာမှာ ဆိမ့်ပြီး အနည်းငယ်သက်သည်။ မီးဖုတ်၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ ဆီဆမ်းစားရသည်။ အချို့ကလည်း ကြော်စားကြပါ သည်။