ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Dec 2024

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျ ပေါက်ရောက်ကြသည်။ အခြားသီးပင်စားပင်များကဲ့သို့ စိုက်ပျိုးရန်မလိုဘဲ နေအိမ်ခြံဝင်းများအတွင်း ၌လည်းကောင်း၊ ယာတောများ၌လည်းကောင်း၊ လယ်တောများ၌လည်းကောင်း ရှင်သန်ကြီးထွား ကြသည်။

18 Dec 2024

     စစ်ကိုင်းတိုင်းဒေသကြီးတွင် ကုလားပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံစသည့်  သီးနှံမျိုးစုံ စိုက်ပျိုးသည့်အနက်မှ  ပြောင်းဖူးကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ နယ်ရှိ ကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည်ကို  တွေ့ရှိရပါသည်။

18 Dec 2024

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ ဂေါ်သဇင်ပန်း၊ သပြေပန်း(အောင်သပြေ)နှင့် အာစီယံသပြေတို့ကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။ မိမိတို့ ဗုဒ္ဓဘာသာလူမျိုးများအတွက် ဘုရားပန်းသည်လည်း မိမိတို့ ကိုးကွယ်ယုံကြည်အားထားရာဖြစ်သည့် ဘုရားစင်ပေါ်တွင် ကုသိုလ်ယူရန် နေ့စဉ်ကပ်လှူပူဇော်ရသည့်အတွက် မရှိမဖြစ်သော အရာတစ်မျိုးလည်းဖြစ်ပါသည်။

18 Dec 2024

    ရာသီပေါ်သီးနှံဖြစ်သည့် နံနံပင်နှင့်ကြက်သွန်မြိတ်များမှာ ဆောင်းရာသီတွင် လှိုင်လှိုင်ထွက် ရှိ၍ အခြားမြို့များမှ သယ်ယူရောင်းချစရာမလိုဘဲ မိမိတို့အိမ်ရှိနေရာလွတ်များတွင်လည်းကောင်း၊ ခြံကျယ်များတွင်လည်းကြောင်း စိုက်ပျိုးကြကြောင်း၊ ရွှေဘိုမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှလည်း လာရောက်ရောင်းချကြကြောင်း၊ နံနံပင်နှင့် ကြက်သွန်မြိတ်မှာ ဟင်းခတ်အမွှေးအကြိုင်ဖြစ်၍ ဟင်းလျာတိုင်းတွင် ထည့်၍ အသုံးပြုကြောင်း၊ ဆောင်းရာသီတွင် ထွက်ရှိသည့် နံနံပင် ဈေးနှုန်းမှာ (၁)စည်းလျှင် (၂၀ဝိ/-)ကျပ် နှင

18 Dec 2024

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ထောပတ်သီးများ ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

    ဈေးကွက်အတွင်းရောင်းချနေသော ထောပတ်သီးများကို ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း )  တောင်ကြီး၊ ဟိုပုံ၊ ညောင်‌ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့်ဒေသများမှ တင်သွင်းကြပါသည်။

Pages