ကုန်သွယ်မှုသတင်းများ
မတ်လဒုတိယပတ်အတွင်းမန္တလေးစျေးကွက်သို့ စားတော်ပဲ များဝင်ရောက် လျက်ရှိပြီး၊စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲတစ်မျိုးဖြစ်ကြောင်း သိရပါတယ်။ စားတော်ပဲ သီးနှံအား စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်အများအပြား စိုက်ပျိုးပြီး၊ ကျန်ဒေသများတွင် လည်း စိုက်ပျိုး ကြောင်း သိရပါတယ်။ ပဲမျိုးစုံစိုက်ပျိုးထွက်ရှိသည့် မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊မတ္တရာန

မန္တလေးတိုင်းဒေသကြီးမှာ ဆီထွက်သီးနှံအများအပြား စိုက်ပျိုးသည့်တိုင်းဖြစ်ပြီး၊သီးနှံ ကို မိုးမြေပဲနှင့်ဆောင်းမြေပဲအဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၀၃၇၅၂ ဧက၊ရိတ်သိမ်းမှု ၃၁၀၀၇၉ ဧက၊အထွက်နှုန်း ၄၂.၆၅ တင်း၊ အထွက်စုစုပေါင်း ၁၃၂၂၃၆၄၉ တင်းဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံတော်မှ ဆီထွက် သီးနှံမြေပဲ၊နှမ်းနှင့်နေကြာသီးနှံများ ကြိတ်ခွဲသည့်စားသုံးဆီများဖြင့် ပြည်တွင်းစားဆီ ဖူလုံမှုရှိစေရေး၊ စားဆီများတင်သွင်းမှုလျော့ချန

မုန်ညှင်းဖြူသည် မြန်မာနိုင်ငံသမပိုင်း ဒေသများတွင် စိုက်ပျိုးလေ့ရှိသော အပင်မျိုးဖြစ်ပြီး၊ စိုက်ပျိုးရန်လွယ်ကူပြီး၊ လယ်မြေများတွင် သစ်စိမ်းမြေဩဇာများဖြင့်စိုက်ပျိုးကြသည်။

ပူပြင်းသောနွေရာသီကာလကိုအမှီပြု၍ မြင်းခြံမြို့နှင့် ၂ မိုင်ခန့်အကွာ ပျော်ဘွယ်၊ စံပြ၊ ခင်မကန်ကျေးရွာတို့တွင် ကြံပင်များစိုက်ပျိုးထားကြပါသည်။ ကြံပင်တွင် အဖြူမျိုး ၊ အနီမျိုး ၊ အဝါမျိုး(ကျောက်စိမ်း)မျိုးဟူ၍ (၃) မျိုးရှိပါကြောင်း ဒေသအနေဖြင့် အဝါမျိုး(ကျောက်စိမ်းမျိုး ကိုသာ အများဆုံးစိုက်ပျိုးထားကြောင်းသိရသည်။ အဝါမျိုး(ကျောက်စိမ်း) မျိုးသည် ခုတ်ပြီးရက် (၂၀) ကြာသည့်တိုင် ကြံရည်ခမ်းခြောက်မှုမရှိဘဲ သောက်သုံးရာမှာလည်း ကျန်သောမျိုးများထက် အရသာထူးကဲမှုရှိသည့်အတွက် ညောင်လေးပင် ၊ တောင်ငူ

ပူပြင်းသောနွေရာသီသို့ ကူးပြောင်းရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ရေအိုးရောင်း ဝယ်မှုဈေးကွက်များ သွက်လာပါသည်။ ကျွန်တော်တို့လူမျိုးများသည် သောက်ရေကို ရွံ့မြေနှင့် ပြုလုပ်သော မြေအိုးများဖြင့်ထည့်သွင်းသိုလှောင်သောက်သုံးကြသည်မှာ အစဉ်အလာတစ်ခုဖြစ် ပါသည်။ မိရိုးဖလာအစဉ်အလာအတိုင်း သန့်ရှင်းသောရေကို ရေအိုးထဲထည့်၍ အိမ်တစ်အိမ်၏ သန့်ရှင်းသော နေရာ၊ အေးသောနေရာတွင်ထားရှိ၍ မြတ်နိုးနှစ်သက်စွာသောက်သုံးကြသည်မှာ မြန်မာလူမျိုးတို့၏ ချစ်စရာကောင်းသော ပုံစံတစ်မျိုးဖြစ်ပါသည်။ အိမ်တစ်အိမ်၏ သန့်ရှင်း
