ကုန်သွယ်မှုသတင်းများ

Powered by Drupal
17 Mar 2025

ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင် မိမိတို့နေ အိမ်ခြံဝင်းအတွင်းနှင့် လယ်ယာမြေများပေါ်တွင် စိုက်ပျိုးရေး လုပ်ငန်း များကို လုပ်ကိုင်စားသောက် ကြရာမှာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ရုံးပတီသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကမ်းနားပျံကျဈေးနှင့် စည်ပင်သာယာဈေးသို့ လာရောက်ပို့ဆောင်ကာ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။

17 Mar 2025

ထားဝယ်မြို့တွင် ဒေသထွက် လက်လုပ်ချဉ်အမျိုးမျိုးကို ရောင်းချလျက်ရှိရာ ရာသီစာဖြစ် သည့် မုန့်လာချဉ် လုပ်ငန်းကိုလည်း ရောင်းချလျက်ရှိကြောင်း သိရပါသည်။

17 Mar 2025

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သော ရာသီစာ သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

17 Mar 2025

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ချဉ်ပေါင်စိုက် တောင်သူများအနေဖြင့် ၎င်းတို့၏ ထွက်ကုန်ချဉ်ပေါင်များအား ဈေးကွက်အတွင်း ပို့ဆောင်ရောင်းချခြင်းဖြင့် နေစဉ်ပုံမှန်ဝင်ငွေရရှိလျက်ရှိသည်။

17 Mar 2025

ထားဝယ်မြို့၊ ရပ်ကွက်ဈေးနှင့် စည်ပင်ဈေးတို့တွင် ဒေသတွင်းစိုက်ပျိုးသူများမှ ပေါ်ဦးပေါ် ဖျားမရမ်းသီးမှည့်များ လာရောက်  ရောင်းချနေပါသည်။ မရမ်းသီးကိုဒေသခံပြည်သူများအနေဖြင့် မိမိတို့ခြံမြေအလွတ်များတွင်လည်းကောင်း၊ ဥယျာဉ်ခြံမြေများထဲတွင် အခြားနှစ်ရှည်ပင်များနှင့် ရောနှော၍လည်းကောင်း စိုက်ပျိုးကြပါသည်။

Pages