ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အမေရိကန်ဂျုံစားသုံးမှု တန်ချိန် ၂၃၉၅၈၆ တန်အထိမြင့်တက်လာ

Powered by Drupal

          ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြည်နယ်မှပြည်နယ်သို့ချုပ်ဆိုထားသော စာချုပ်အရ အမေရိကန်နိုင်ငံမှ စတုတ္ထအကြိမ်မြောက် ကုန်ပစ္စည်းတင်ပို့ခြင်းအား လက်ခံဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ တန်ချိန် ၆၀၉၅၀ တန်ခန့်ရှိသော ‌သီးနှံများကိုသယ်ဆောင်လာသော MV Lowlands   Patrasche အမည်ရှိသင်္ဘောသည် ဒီဇင်ဘာလ ၄ ရက်နေ့တွင် Chattogram ဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါသင်္ဘောတွင်ပါဝင်သော တန်ချိန် ၂၃၉၅၈၆ တန်ခန့်သည် အမေရိကန်နိုင်ငံမှ တင်ပို့လိုက်သော ဂျုံများဖြစ်ကြောင်း သိရပါသည်။ ပထမအကြိမ်ပို့ဆောင် သယ်ယူမှုသည် အောက်တိုဘာလ၂၅ ရက်နေ့တွင် တန်ချိန် ၅၆၉၅၉ တန်ခန့်ပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ ၃ ရက်နေ့တွင် တန်ချိန် ၆၀၈၀၂ တန်ခန့်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တန်ချိန် ၆၀၈၇၅ တန်ခန့် စသဖြင့် သယ်ယူပို့ဆောင်မှု ၃ ကြိမ်ကို ဘင်္ဂလားဒေ့နိုင်ငံသည် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အမေရိကန်နိုင်ငံမှ ဂျုံတင်သွင်းခြင်းကို အစိုးမှအစိုးရသို့ အစီအစဉ်ဖြင့် ၂၀၂၅ ခုနှစ်မှ စတင်တင်သွင်းခဲ့ပြီး ၎င်းသည် ကုန်သွယ်ရေးကျဆင်းနေမှုများကို လျော့ချရန်နှင့် အမေရိကသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတင်ပို့မှုများကို ကာကွယ်ရန်ဖြစ်ကြောင်း သိရပါ သည်။ ဒီဇင်ဘာလ ပထမအပတ်တွင် ဘင်္ဂလားဒေ့နိုင်ငံ အကြံပေးကောင်စီက အစားအသောက်ရေးရာ ဝန်ကြီးဌာနအား ပြည်သူလူထု စားနပ်ရိက္ခများ ဖူလုံရေးအားကောင်းလာစေရန်အတွက် အမေရိကန်နိုင်ငံမှ ဂျုံတန်ချိန် ၂၂၀၀၀၀ တန်ခန့် ဆက်လက်တင်သွင်းရန်အတွက် ခွင့်ပြုချက်အား အတည်ပြုလိုက်ကြောင်း သိရှိရပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)