ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Dec 2024

            မိတ္ထီလာဈေးကွက်တွင် ဒီဇင်ဘာလဆန်းပိုင်း၌ ကြက်သွန်နီအဟောင်း (ဆောင်းကြက်သွန်နီ) ဈေးအနည်းငယ်ပြန်လည်မြင့်တက်လာကြောင်းသိရသည်။ ပြည်ပဝယ်လက်များအေးနေခြင်း၊ မိုးကြက်သွန်နီအသစ်ပေါ်လာခြင်းတို့ကြောင့် ဈေးအနည်းငယ်နိမ့်ခဲ့ပါသည်။ ယခုတစ်ပတ်တွင် ပြည်ပဝယ်လက်များကအဟောင်းကိုသာ ဝယ်ယူမှုရှိသည့်အတွက် ဈေးနှုန်းပြန်လည်မြင့်တက်လာခြင်း ဖြစ်ကြောင်းသိရသည်။ ကြက်သွန်နီအဟောင်းမှာ ယခင်နှစ် ဆောင်းစိုက်ကြက်သွန်နီများဖြစ်ပြီး အထားခဲ့သည့်အတွက် နှစ်ပေါက်သိုလှောင်လေ့ရှိပါသည်၊၊

18 Dec 2024

     ကြောင်လျှာသီးပင်သည် သဘာဝအလေ့ကျပေါက်သော အပင်ဖြစ်၍ အပွင့်၊အသီး ၊အခေါက်နှင့်ရွက်များကလည်း ဆေးဖက်ဝင်သောကြောင့်ဈေးကွက်ဝင်သောအပင်ဖြစ်သည်။ နှစ်စဉ်မိုးရေ ကောင်းစွာရရှိသော အပူပိုင်းဒေသရာသီဥတုကို ကြိုက်နှစ်သက်သည်။

18 Dec 2024

    တနင်္သာရီတိုင်းဒေသကြီးမှ နိုဝင်ဘာလ ပထမပတ်အတွင်း ကွမ်းသီးတင်ပို့မှုမှာ ထားဝယ်ခရိုင်မှ (၁၄၂၀၄၀)ပိဿာ တန်အားဖြင့်(၂၃၁.၉၄၄)ရှိပြီး၊ မြိတ်ခရိုင်မှ (၃၃၉၀၅၀) ပိဿာ တန်အားဖြင့်(၅၅၃.၆၅၀)ရှိပြီး၊ ကော့သောင်းခရိုင်မှ တင်ပို့မှုမရှိသေးကြောင်း သိရပါသည်။ ယခု တစ်ပတ်အတွင်း ထားဝယ် ခရိုင်တွင် ကွမ်းသီးခွဲခြမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၉၀၀၀)ကျပ်ရှိပြီး၊ မြိတ်ခရိုင် တွင် (၇၅၀၀ မှ ၈၀၀၀)ကျပ်ရှိပါသည်။  ကွမ်းအလုံးခြောက်တစ်ပိဿာလျှင်(၁၀၀၀၀ မှ၁၂၀၀၀) ကျပ်ရှိသဖြင့် တောင်သူများ တွက်ချေကိုက်လျက်ရှိကြောင

18 Dec 2024

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ပတ်ဝန်းကျင်အနီးတဝိုက်ရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများသည် မိမိတို့ ယာကွက်များအတွင်းနှင့် အိမ်ခြံဝင်းများအတွင်းတွင် စားပင်သီးပင်များကို မိသားစု စားဝတ်နေရေးအဆင်ပြေစေရန်နှင့် အပိုဝင်ငွေ ရရှိအတွက်  အာတာလွတ်ဥ(ခေါ်)အာဂတ်ဥကိုလည်း စိုက်ပျိုးလျက်ရှိကြပြီး အာတာလွတ်ဥ(ခေါ်) အာဂတ်ဥသည် လူကြိုက်များသော ရောင်းအားကောင်းလျက်ရှိပါသည်။

18 Dec 2024

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု ၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် အခြားသောသတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

Pages