ကုန်သွယ်မှုသတင်းများ
ဇင်ဘာဘွေနိုင်ငံရှိ တရုတ်သံရုံးသည် ဇင်ဘာဘွေတွင် တရုတ်ဆေးအဖွဲ့ရောက်ရှိခြင်း နှစ် ၄၀ ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲကို ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် နိုင်ငံ အတွက် ရည်စူး၍ ၎င်းတို့၏ စေတနာ့ဝန်ထမ်းအား အသိအမှတ်ပြု ဂုဏ်ပြုသည့်အနေဖြင့် ဆုတံဆိပ် များ ချီးမြှင့်ခြင်းခံရသော တရုတ်ဆေးအဖွဲ့ ၂၁ သင်းအား နှုတ်ဆက်ပွဲနှင့် 22th batch တို့အား ကြိုဆို ဂုဏ်ပြုသည့် အခမ်းအနားလည်းဖြစ်သည်။ ဇင်ဘာဘွေကျန်းမာရေးနှင့် ကလေးစောင့်ရှောက်ရေး လက်ထောက်ဝန်ကြီး Sleiman Kwidini က ကျန်းမာရေးကဏ္ဍတွင် ဇင်

ကျူးဘားနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ် Le Quang Long သည် နှစ်နိုင်ငံအကြား ဆေးဝါးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်ရန်အတွက် ကျူးဘား၏ BioCubaFarma Group ကို မတ်လ ၇ ရက်နေ့က အလုပ်သဘောအလည်အပတ် သွားရောက်ခဲ့ကြောင်း သိရပါသည်။ ထိုလည်ပတ်မှုအတွင်း BioCubaFarma Group ၏ ဥက္ကဌ Mayda Mauri Perez က ၎င်းတို့၏အဓိကဆေးဝါးထုတ်ကုန်များကိုမိတ်ဆက်ပြသ ခဲ့ပြီး သုတေသန၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဇီဝဆေးဝါးထုတ်ကုန်များထုတ်လုပ်မှုတို့တွင် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆေ

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်၏ ပထမနှစ်လတွင် သစ်နှင့် သစ်ထုတ်ကုန်များ တင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ရရှိခဲ့ကြောင်း စိုက်ပျိုးမွေးမြူရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရပါသည်။ ထိုတန်ဖိုးသည် ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ သန်း ၂၈၀ နှင့်ညီမျှသော ၁၂.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အမေရိကန်သည် ထိုကာလအတွင်း ဗီယက်နမ်၏ သစ်နှင့်သစ်ထုတ်ကုန်တင်ပို့ရာအကြီးမားဆုံးဈေးကွက် ဖြစ်ပြီး စုစုပေ

၂၀၂၅ ခုနှစ်၏ ပထမနှစ်လတွင် ဗီယက်နမ်နှင့်တရုတ်ကြား အပြန်အလှန်ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံကျော်ရောက်ရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အမျိုးသားစာရင်းအင်းရုံး၏ အချက်အလက်များအရ သိရပါသည်။ ထိုနှစ်လအတွင် ဗီယက်နမ်၏ တရုတ်နိုင်ငံထံမှ တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၃.၃ ဘီလီယံ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၀.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း သိရပါသည်။ သို့သော် တရုတ်နိုင်ငံထံသို့ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇.၉ ဘီလီယံ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချ
