ကုန်သွယ်မှုသတင်းများ
ပဒတ်စာပင်များသည် အပွင့်ဖြူ၍ ဝတ်ဆံဝါပြီး မြေတွင်ကပ်ပေါက်သည့် ဟင်းလျာပင်တစ်မျိုး ဖြစ်ပါသည်။ ၎င်းမှာ တောတောင်များ၌ သဘာဝအလျောက် ပေါက်ရောက်သည့် အပင်ဖြစ်သည်။ ပဒတ် စာပွင့်များကို လူအများ နှစ်ခြိုက်စွာစားသုံးသောကြောင့် ယခုကဲ့သို့သောအချိန်ရောက်လျှင် ဒေသနေ ပြည်သူအများစုသည် မိမိတို့ ကျေးရွာအနီးရှိ တောတောင်များတွင် လိုက်လံခူးဆွတ်ရောင်းချလျက်ရှိပြီး ရာသီစာပဒတ်စာများ ပေါ်ဦးပေါ်ဖျားပေါ် ချိန်ဖြစ်၍ စျေးကောင်းလည်းရရှိဖြင့် မိသားစုဝင်ငွေတိုးကား စားဝတ်နေရေး အဆင်ပြေလျက်ရှိ ကြော

ဖရုံပင်များသည် မြေအမျိုးမျိုတွင် စိုက်ပျိုးနိုင်ပြီး နုန်းမြေများတွင် ပိုမိုဖြစ်ထွန်းသည်။ ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်လည်းခံနိုင်ရည်ရှိပါသည်။ ထားဝယ်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများသည် မိမိတို့ လယ်ယာများနှင့် နေအိမ် များတွင် ဟင်းသီးဟင်းရွက်များ၊ သီးပင် စားပင်များ စိုက်ပျိုးလျက်ရှိရာ ဖရုံပင်များလည်း စိုက်ပျိုးထား ကြသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့မတ်လ ဒုတိယအပတ်အတွင်း ထားဝယ်မြို့ရှိ ကမ်းနားပျံကျ စျေးနှင့်အခြားရပ်ကွက်ကျေးရွာများရှိ စျေးများတွင် ရောင်းချနေသောစျေးနှုန်းများအရ တစ်ပိဿာလျှင် (၃၂၀၀၀)ကျပ်အထိရှိပြီး ယခင်လ ဖေဖော်ဝါရီလနှင့်နှိုင်းယှဉ်ပါက စျေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။

သင်္ဘောပင်သည် မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး နုန်းမြေများတွင်မဖြစ်ထွန်းနိုင်သော သီးနှံဖြစ် သည်။ မြန်မာနိုင်ငံ၌စီးပွားဖြစ်စိုက်ပျိူးနေသော ဝင်ငွေရရှိနေသော သီးနှံတစ်မျိုးဖြစ်သည့်အလျောက် စျေးကွက်ဝင်ရောင်းအားကောင်းသောသီးနှံလည်းဖြစ်ပါသည်။ အလွယ်တကူစိုက်ပျိုးဖြစ်ထွန်းသောသီးနှံ ဖြစ်သဖြင့် စိုက်ပျိုးသူများအနေဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး နေအိမ်များတွင်လည်း စိုက်ပျိးနိုင် ပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းချဉ်သီး ကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ထားဝယ်မြို့မစျေးကြီးများနှင့် ကမ်းနားပျံကျစျေးများတွင် အရောင်းအဝယ်ကောင်းလျက်ရှိပြီး တစ်နိုင်တစ်ပိုင်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
