ကုန်သွယ်မှုသတင်းများ
ငှက်ပျောပင်သည် မြန်မာနိုင်ငံအနှံအပြားတွင် ပေါက်ရောက်ပြီး စိုက်ပျိုးရန်အလွန်လွယ်ကူ သောအပင်တစ်မျိုးဖြစ်သည်။ နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်သီးနှံစိုက်ပျိုးသူတောင်သူများအနေဖြင့် ငှက်ပျောပင်များစိုက်ပျိုးခြင်းဖြင့် များစွာဝင်ငွရရှိနေပါသည်။ ငှက်ပျောပင်သည် အပင်ရောအသီးပါ အလွန်အသုံးဝင်သောသီးနှံဖြစ်ပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည် မြန်မာပြည်တောင်ဘက်ပိုင်း၊ ပင်လယ်ကမ်းရိုး တန်းတွင် တည်ရှိသော တိုင်းဒေသကြီး၏မြို့တော်ဖြစ်ပါသည်။ လောင်းလုံမြို့နယ်အတွင်းရှိ ပင်လယ် ကမ်းစပ်ကျေးရွာများဖြစ်သော မောင်းမကန်၊ သဘော့ဆိပ်၊ ပန်းတင်အင်း၊ တီဇစ်၊ စမ်းလှမ်း စသော ကျေးရွားများမှ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလုပ်ငန်းများ၊ တစ်နိုင်တစ်ပိုင် ငါးဖမ်းလှေငယ်များမှ ဖမ်းယူ ရရှိသော ပင်လယ်ထွက်ငါးအမျိုးမျိုးအား ထားဝယ်မြစ်အတွင်းမှ လှေများဖြင့် ဖြစ်စေ၊ ကုန်းလမ်းမှ ကားဖြင့်ဖြစ်စေ သယ်ယူ၍ ထားဝယ်မြို့

မြန်မာနိုင်ငံတွင် ဥတုရာသီ(၃)မျိုးရှိရာ ယခုကာလသည် ရော်ရွက်ဝါများမြေသို့ခကာ ကံ့ကော် ပွင့်လေးများဖူးပွင့်ဝေဆာပြီး ဥသြငှက်ငယ်လေးများ လွမ်းဆွတ်ဖွယ်တွန်ကြူးသည့် ခြောက်သွေ့လှ သော နွေဥတုဖြစ်ပြီး နွေရောက်ပြီဆိုလျှင် မြန်မာနိုင်ငံဒေသတွင်းနေရာအနှံ့အပြားတွင် ကြံရည် ဆိုင် ငယ်လေးများကို တစ်ပိုင်တစ်နိုင်ဖွင့်လှစ်ကြကာ မိသားစုဝင်ငွေများတိုးပွားလျက်ရှိပါသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းတွေအနက် အဆာပြေအီဆိမ့်မုန့်လုပ်ငန်းသည် မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့် အလမ်း ဖန်တီးနိုင်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနိုင်အောင် ကြိုးစားလုပ်ကိုင်နေတဲ့ ဒေသတွင်းတပိုင်တစ်နိုင်မုန့်လုပ်ငန်း တစ်ခုဖြစ်တယ်ဖြစ်ပြီး မုန့်လုပ်ငန်း ရောင်းဝယ်ဖြန့်ဖြူးထုတ်လုပ်မှု ကို လေ့လာခဲ့ကြသည်။

ဒေသထုတ်ကုန်ဖြစ်သော “ရွှေပင်” ပဲချောင်းမုန့်လုပ်ငန်းအား ရောင်းဝယ်ဖြန့်ဖြူးမှု အခြေအနေနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများမှ အမှတ်တရလက်ဆောင်မုန့်တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချပေးလျက်ရှိသော ဒေသထွက် ထုတ်ကုန် တစ်ခုဖြစ်သည့် သာမရွေး သန့်ရှင်းလတ်ဆတ်စွာစားသုံးနိုင်ရန် ထုတ်လုပ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းနှင့်ပတ်သက်၍ မအူပင်မြို့ ၁ရပ်ကွက် စာရေးကုန်းလမ်းတွင် ပဲချောင်းမုန့် လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါ်မြတ်မွန်နှင့် တွေ့ဆုံမေးမြန်း လေ့လာခဲ့ကြောင်
