ကုန်သွယ်မှုသတင်းများ

Powered by Drupal
17 Mar 2025

              ပန်းနှမ်းပင်သည် သမပိုင်းသီးနှံအမျိုးအစားဖြစ်ပြီး ရေကြမ်း၊ မြေကြမ်း၊ ရာသီဥတုဒဏ် ခံနိုင်သော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည်။ ရေငတ်ဒဏ်ခံနိုင်သဖြင့် အပူပိုင်းဒေသများ၊ မြေပြန့်ဒေသ များတွင် စိုက်ပျိုးနိုင်သလို တောင်ပေါ်ဒေသများတွင်လည်း စိုက်ပျိုးဖြစ်ထွန်းနိုင်သည့်  ဆီထွက်သီးနှံ  အမျိုးအစားဖြစ်သည်။ ပြည်တွင်းဒေသအနှံ့အပြား၌ စိုက်ပျိုးနိုင်သော်လည်း ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြောင်း လေ့လာသိရှိရပါသည်။ ပန်းနှမ်းသည် အလင်းရောင်တ

17 Mar 2025

မေမြို့ပန်းသည် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်ဖက်ညီသောပန်းဖြစ်ပြီး၊ မေမြို့ပန်းသည် အဖြူရောင်၊ အဝါရောင်၊ ပန်းရောင် စသည့်ဖြင့် အရောင်စုံလင်စွာဖြင့် လှပသောပန်းတစ်မျိုးဖြစ်ပြီး လူကြိုက်များသည်။ မေမြို့ပန်းသည် မြန်မာ့ဓလေ့ထုံးတမ်းများတွင် အထူးသဖြင့် ဘာသာရေးနှင့် ပွဲလမ်းသဘင်များတွင် အသုံးပြုလေ့ရှိကြောင်း၊ မေမြို့ပန်းများကို ဘုရားပန်းအဖြစ်ပူဇော်ခြင်း၊ အိမ်တွင်းအလှဆင်ခြင်းများ ပြုလုပ်လေ့ရှိကြောင်းသိရသည်။

17 Mar 2025

ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင် မိမိတို့နေ အိမ်ခြံဝင်းအတွင်းနှင့် လယ်ယာမြေများပေါ်တွင် စိုက်ပျိုးရေး လုပ်ငန်း များကို လုပ်ကိုင်စားသောက် ကြရာမှာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ရုံးပတီသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကမ်းနားပျံကျဈေးနှင့် စည်ပင်သာယာဈေးသို့ လာရောက်ပို့ဆောင်ကာ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။

17 Mar 2025

ထားဝယ်မြို့တွင် ဒေသထွက် လက်လုပ်ချဉ်အမျိုးမျိုးကို ရောင်းချလျက်ရှိရာ ရာသီစာဖြစ် သည့် မုန့်လာချဉ် လုပ်ငန်းကိုလည်း ရောင်းချလျက်ရှိကြောင်း သိရပါသည်။

17 Mar 2025

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သော ရာသီစာ သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

Pages