ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ချဉ်ပေါင်စိုက် တောင်သူများအနေဖြင့် ၎င်းတို့၏ ထွက်ကုန်ချဉ်ပေါင်များအား ဈေးကွက်အတွင်း ပို့ဆောင်ရောင်းချခြင်းဖြင့် နေစဉ်ပုံမှန်ဝင်ငွေရရှိလျက်ရှိသည်။

ထားဝယ်မြို့၊ ရပ်ကွက်ဈေးနှင့် စည်ပင်ဈေးတို့တွင် ဒေသတွင်းစိုက်ပျိုးသူများမှ ပေါ်ဦးပေါ် ဖျားမရမ်းသီးမှည့်များ လာရောက် ရောင်းချနေပါသည်။ မရမ်းသီးကိုဒေသခံပြည်သူများအနေဖြင့် မိမိတို့ခြံမြေအလွတ်များတွင်လည်းကောင်း၊ ဥယျာဉ်ခြံမြေများထဲတွင် အခြားနှစ်ရှည်ပင်များနှင့် ရောနှော၍လည်းကောင်း စိုက်ပျိုးကြပါသည်။

ကတက်ပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြသည်။ ကတက်ပင်မှာ အပင်မြင့်မျိုး ဖြစ်၍ အမြင့်ပေ ၃၀ ခန့်ရှိပြီး ပင်စည်လုံးပတ်မှာ ၃ ပေမှ ၅ ပေအထိရှိသော ပင်လတ်မျိုးဖြစ်သည်။ ကတက်ပင်သည် နွေရာသီတွင် အရွက်ကြွေကျပြီး ဆင်စွယ်ရောင်အပွင့်များ ပွင့်၍ အသီးမှာဝမ်းဘဲဥ အကြီးစားခန့်ရှိသည်။ အခွံတွင် အပြောက်အပိမ့်များရှိသည့် သဘာဝအလျောက်ပေါက်ရောက်သော အပင်မျိုးဖြစ်ပါသည်။

ယခုလိုနွေဦးပေါက်ရာသီတွင် သစ်ပင်ကြီးများ၏ အရိပ်အောက်တွင် အအေးဆိုင်၊ နွေရာသီစာ ကြံရည်နှင့် သစ်သီးမျိုးစုံဖျော်ရည်အရောင်းဆိုင်များကို ဝယ်ယူစားသောက်သူများနှင့် စည်ကား၍ တွေ့မြင်ရမည်ဖြစ်ပါသည်။ ၎င်းအပင်များ၏ အရိပ်အောက်တွင် သစ်သီးမျိုးစုံ ဖျော်ရည်များအနက် နေပူပူဒီရာသီနှင့် အလိုက်ဖက်ဆုံးဖျော်ရည်မှာ မန်ကျည်းဖျော်ရည်ဖြစ်ပါသည်။

သားငါးများထက် ရာသီမရွေးပေါ်ထွက်သောသီးနှံများ၊ ရာသီအလိုက်ထွက်ပေါ်သော သီးနှံ များကိုလည်း နှစ်သက်မြတ်နိုးစွာစားသုံးမှုများရာ ယခုဈေးကွက်များအတွင်းသို့ ဆူးပုတ်ရွက်များ ဝင်ရောက်လာသဖြင့် ဝယ်ယူစားသောက်မှုများ၍ စိုက်ပျိုးသူများ၊ အရောင်းအဝယ်ပြုလုပ်သူများ အနေဖြင့် အရောင်းအဝယ်သွက်လျက်ရှိပါသည်။
