ကုန်သွယ်မှုသတင်းများ
ခရမ်းသီးပင်ကို တစ်နှစ်ပတ်လုံးစားသုံး၍ ရအောင်စိုက်ပျိုးကြသည်ဟုဆိုသော်လည်း ဆောင်းတွင်းကာလ၌ နှင်းသက်တက်၍ အပင်ဖြစ်ထွန်းနည်းပြီး အထွက်နှုန်းနည်းတတ်ပါသည်။ ယခုအခါနွေဦးရာသီသို့ ရောက်ရှိလာပြီဖြစ်၍ နှင်းလွတ်သွားသောကြောင့် ခရမ်းသီးပင်များဖြစ်ထွန်းမှု အားကောင်းလာပြီး ခရမ်းသီးများလှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ခရမ်းသီးသည် နေရာဒေသမရွေး စိုက်ပျိုးနိုင်သည့် ဒေသထွက်သီးနှံတစ်မျိုးဖြစ်ပြီး မြစ်ရေကျ မြေနု လွင်ပြင်များတွင်လည်း အများဆုံး စိုက်ပျိုးကြသည်။ ယခင်လများက ပြင်ဦးလွင်နှ

မန်းကုန်စည်ဒိုင်အတွင်း ၂၀၂၅ခုနှစ် မတ်လပထမပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံများဖြစ်သည့် ပဲဈေးနှုန်းများမှာ ပဲစိမ်းငုံနီ(သစ်)၁ပိဿာ(၄၇၈၃)ကျပ်၊ ပဲတီစိမ်းသေး (စိမ်းနောက်) ၁ပိဿာ(၄၅၈၃)ကျပ်၊ ပဲတီစိမ်းအညာ(သစ်) ၁ပိဿာ(၄၆၂၂)ကျပ်၊ ပဲတီရွှေဝါ ၁ပိဿာ(၄၆၂၂)ကျပ်၊ မတ်ပဲ(ကျောက်ရစ်) ၁ပိဿာ(၄၇၅၀)ကျပ်၊ မတ်ပဲ၁ပိဿာ(၄၆၆၇)ကျပ်၊ မြေထောက်ပဲ(သစ်) ၁ပိဿာ (၅၃၇၀)ကျပ်၊ ပဲလွန်းဖြူ၁ပိဿာ (၃၉၀၇)ကျပ်၊ ပဲလွန်းပြာ ၁ပိဿာ(၃၆၈၇)ကျပ်၊ ကုလားပဲထိုင်ဝမ်(သစ်) ၁ပိဿာ(၃၇၃၃)ကျပ်၊ ကုလားပဲ929(သစ်) (၃၉၂၉)ကျပ်၊ ကုလားပဲV2(သစ

ပွင့်လင်းရာသရောက်လာပြီဖြစ်၍၂၀၂၅ ခုနှစ် မတ်လ အတွင်း မုံရွာသစ်သီးစျေးကွက်တွင် ရာသီစာဖရဲသီးများ ဝင်ရောက်လာပြီး၊ အရောင်း သွက်လျှက် ရှိကြောင်းသိရပါတယ်။ ဖရဲသီးအား အသီးအတိုင်းစားသုံးခြင်း၊ ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင်ထည့်၍ စားသုံးကြောင်းသိရပါ သည်။ဖရဲသီးတွင် ရေဓာတ်ပေါကြွယ်ဝစွာပါဝင်သောကြောင့် ရေအစားထိုးအနေဖြင့် စားသုံးနိုင် ပြီး အပူကင်းအောင်စားပေးသင့်သော အသီးတစ်မျိုးလည်းဖြစ်ပါသည်။ ဖရဲသီးကိုစားသုံးခြင်းဖြင့် မိမိခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာကို ရရှိစေပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါ သည်။

မြူရွက်ဟာ ဆောင်းအကုန်နွေအကူး တပိုတွဲလ တပေါင်းလတို့တွင် လှိုင်လှိုင်ပေါက်ရောက် သောရာသီစာအရွက် တစ်မျိုးဖြစ်ပါသည်။ စိုထိုင်းဆရှိတဲ့ မြေနေရာတွေမှာ ပေါက်ရောက်ပြီး အပင်ပု မျိုးဖြစ်ကာ အရွက်ကခပ်ဖားဖားလေးတွေရှိကြောင်း ရိုးတံကအနည်းငယ်ပျော့ပြီး အရွက်ကနူးညံ့ ကာ ဟင်းနုနယ်ရွက်နဲ့ဆင်တူပြီး တစ်ပင်လုံးစားလို့ရကြောင်း၊ မြူရွက်သည် ကန့်ဘလူမြို့နယ် ကျေးရွာများမှ လာရောက်ရောင်းချကြောင်း သိရသည်။
