နိုဝင်ဘာလတွင် ဘရာဇီးနိုင်ငံ၏ ပဲပိစပ်တင်ပို့မှုများ ၆၄ ရာခိုင်နှုန်းခန့်မြင့်တက်လျက်ရှိ

Powered by Drupal

          ဘရာဇီးနိုင်ငံ၏ နိုဝင်ဘာလအတွင်း ပဲပိစပ်တင်ပို့မှုသည် တန်ချိန် ၄.၂ သန်းမက်ထရစ်တန် ခန့်ရောက်ရှိခဲ့ပြီး ၆၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ၎င်းအစိုးရက ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုမြင့်တက်ခြင်းသည် ကမ္ဘာ့အကြီးဆုံးပဲပိစပ်တင်သွင်းသည့် နိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ ပဲပိစပ်ကူးပြောင်းမှုကြောင့်ဖြစ်ကြောင်း သိရပါသည်။ ဘရာဇီးနိုင်ငံ၏ ပဲပိစပ်တင်ပို့မှုသည် ပုံမှန်အားဖြင့် ရိတ်သိမ်းရာသီအကုန်တွင် ကျဆင်းလျက်ရှိသော်လည်း ၂၀၂၅ ခုနှစ်တွင် နိုင်ငံခြားသို့တင်ပို့ရောင်းချရန်အတွက် လုံလောက်လျက်ရှိနေကြောင်း သိရပါသည်။ Anec စီမံကိန်း၏ ဒီဇင်ဘာလ ပို့ဆောင်မှုသည် တန်ချိန်အားဖြင့် ၂.၈ သန်း တန်ခန့်ရောက်ရှိခဲ့ပြီး ၉၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပဲပိစပ် တင်ပို့သည့် အဖွဲ့အစည်း၏ ပြောကြားချက်အရ ဘရာဇီးနိုင်ငံ၏ ပဲပိစပ်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၉၇.၃ သန်းတန်ခန့်ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၁၁၀ သန်းတန်သို့ မြင့်တက်လာကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် လက်ရှိတွင် အမေရိကန်နိုင်ငံမှ ပဲပိစပ် အမြောက်အများကို ဒီဇင်ဘာလအတွက် ဝယ်ယူခဲ့ပြီး ၎င်းသည် အမေရိကန်နိုင်ငံနှင့် ပြုလုပ်ခဲ့သော ကုန်သွယ်ရေး သဘောတူညီမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရှိရပါသည်။

Source: Successful Farming                                                       

DOCA (ရန်ကုန်)