ကုန်သွယ်မှုသတင်းများ
မန္တလေးဈေးကွက်အတွင်းသို့ ယခုတစ်ပတ် ကြက်သွန်နီဝင်ရောက်အနေဖြင့် အသစ်စနှင့် အဟောင်းစနှစ်မျိုးဝင်ရောက်မှုရှိနေပြီး ကုန်ချိန်ပိဿာ(၃၀၀၀၀နှင့် ၅၀၀၀၀)ဝန်းကျင် ဝင်ရောက်မှုရှိနေပါသည်။ အဟောင်းစမှာ မုံရွာမြို့မှဝင်ရောက်မှုရှိနေပြီး၊ အသစ်စများမှာမူ မြင်းမူ၊ မြင်းခြံ၊ နွားထိုးကြီး၊ မြစ်သားမြို့များမှ ဝင်ရောက်မှုရှိကြောင်းလည်း သိရပါသည်။ ဈေးနှုန်းအနေဖြင့် ကြက်သွန်နီ (အဟောင်း) တစ်ပိဿာလျှင် (ကြီး) ၃၅၀၀-၄၀၀၀ ကျပ်၊ (လတ်) ၃၀၀၀-၃၅၀၀ကျပ်၊ (သေး) ၂၀၀၀-၂၅၀၀ ကျပ်ဈေးရှိနေပြီး၊ ကြက်သွန်န

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ပြည်တွင်းဌာနခွဲဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်၊နံနက်( ၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့နယ်၊ ပေါ့ထော်ကျေးရွာအုပ်စု၊ အိမ်တိုင်ကုန်း ၁၀ အိမ်စုကျေးရွာရှိ ပဲပုပ်စိုက်ခင်းများသို့ ကွင်းဆင်း၍ သီးနှံများ တွက်ခြေကိုက်မှု ရှိ/မရှိ အခြေအနေများကို တောင်သူများနှင့် တွေ့ဆုံမေးမြန်းလေ့လာခဲ့ကြသည်။
မန္တလေးမြို့တွင် ယခုလိုဆောင်းရာသီကာလတွင် ဗမာခရမ်းချဉ်သီးသည် စားသုံးသူများ ကြိုက်နှစ်သက်သည့် ဟင်းအမယ်တစ်မျိုးဖြစ်ပါသည်။ ဗမာခရမ်းချဉ်သီးကို မန္တလေးနှင့်အနီးတဝိုက်မှထွက်ရှိသော ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စစ်ကိုင်း၊ မတ္တရာ၊ အမရပူရမှထွက်ရှိ သောသီးနှံများကို မန္တလေးမြို့ပေါ်သို့ တောင်သူများတိုက်ရိုက်ရောင်းချခြင်း၊ နယ်ကုန်သည်များမှ တင်ပို့ရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးနှုန်းဈေးကွက်အနေနှင့် ကျောက်ဆည်၊ မြစ်သား၊ တံတားဦးနယ်များမှ ထွက်ရှိသောဗမာသီးများကို
