ကုန်သွယ်မှုသတင်းများ
ထနောင်းပင်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် ပေါက်ရောက်သောအပင်တစ်မျိုးဖြစ် သည်။ထနောင်းရွက်နု များသည် ဆောင်းအကုန်နွေဦးစများတွင် ထွက်ပေါ်လာပြီးရာသီစာအဖြစ် ရောင်းချလေ့ရှိသည်။

စပျစ်သီးသည် နွေးထွေးသောရာသီဥတုနှင့် နေရောင်ခြည်အပြည့်အဝရရှိသော ဒေသ များတွင် ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းနိုင်သည်။မြန်မာနိုင်ငံတွင် စပျစ်သီးကို ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ၊ ရေနံချောင်း၊ ရမည်းသင်း၊ ပျော်ဘွဘ် စသည့်မြို့နယ်များတွင် စိုက်ပျိုးလျက်ရှိပြီး သီးချွန်နှင့်သီးဝိုင်းဟူ၍အသီးပုံသဏ္ဍာန်ပေါ် မူတည်၍ နှစ်မျိုး ခွဲခြားထားသည်။

လိမ္မော်သီးသည် မြန်မာနိုင်ငံတွင် စီးပွားဖြစ်စိုက်ပျိုးသော်လည်း အေးမြသောတောင်တန်း ဒေသများတွင် ဖြစ်ထွန်းမှု ပိုများပြီး ရှမ်းပြည်နယ်၊ကယားပြည်နယ်နှင့် အခြားဒေသများတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြသည်။ လိမ္မော်သီးသည် ဈေးကွက်တွင် ဝင်ငွေကောင်းမွန်စွာ ရရှိနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးသည် အပူပိုင်းဒေသတစ်ခုဖြစ်သည့်အတွက် အပူပိုင်းဒေသတွင် ပေါက်ရောက်မှုများသည့် ထနောင်းပင်၊ သရက်ပင်၊ ထန်းပင်၊ မန်ကျည်းပင်များသည် အညာဒေသ၏ အပူဒဏ်ကို တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးလျက်ရှိသလို ဒေသခံများ၏ အကျိုးစီးပွားကိုလည်း များစွာ အကျိုးပြုလျက်ရှိပါသည်။ အကျိုးပြုလျက်ရှိသောအပင်များမှ မန်ကျည်းပင်များသည် အလေ့ ကျပေါက်ရောက်မှုရှိသလို ရှေးယခင်လူကြီးသူမများအဆက်ဆက်မှလည်း နွေရာသီအပူဒဏ် ခံနိုင်ရန်နှင့် စားသုံးမှုအတွက်စိုက်ပျိုးခဲ့ကြ၍ မန်ကျည်းပင်များမှာ နေရာတော်တော်များများတွင်

ဗမာခရမ်းချဉ်သီးဆိုသည်မှာ မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့်ရာသီပေါ်ခရမ်းချဉ်သီး အမျိုး အစားတစ်ခုဖြစ်ပြီး အရသာရှိတဲ့အပြင် အာဟာရဓာတ်ကြွယ်ဝသည်။
