ဂဗ္ဗလာသီးဝင်ရောက်မှုများပြားပြီးအရောင်းသွက်လျက်ရှိ

Powered by Drupal

   မန္တလေးစျေးကွက်သို့    မန္တလေးတိုင်းဒေသကြီးရှိ၊ပြင်ဦးလွင်မြို့နယ်၊မိုးကုတ်မြို့နယ်နှင့် ရှမ်း ပြည်နယ်တို့ မှ ထွက်သည့်ဂဗ္ဗလာသီးများ ဒီဇင်ဘာလပထမပတ်အတွင်း ဝင်ရောက်မှုများပြားပြီး၊ အရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်ဒီဇင်ဘာလပထမပတ် အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ဂဗ္ဗလာသီး ၁၀ လုံးလျှင် အလုံး(ကြီး) ၂၀၀၀ကျပ်နှင့် ၂၅၀၀ကျပ်၊ အလုံး(လတ်)  ၁၅၀၀ ကျပ် နှင့် ၁၈၀၀ ကျပ်၊ အလုံး(သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ ဖြင့် ရောင်းချပြီး၊ အလုံးအရွယ် အစားအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်းသိရှိရပါသည်။ ဂဗ္ဗလာသီးများအား အသီး အတိုင်း စားသုံးခြင်းနှင့် ကျန်းမာရေးဓါတ်စာဖျော်ရည်အဖြစ် စားသုံးခြင်းတို့ကြောင့် စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း ရတနာပုံစျေးရှိသစ်သီး ရောင်းချသူတစ်ဦး၏ ပြောပြချက် အရ သိရှိရပါသည်။

DOCA(မန္တလေး)