ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်၌ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် ကြက်သွန်နီ ဈေးနှုန်းဆက်လက်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ ဈေးကွက်သို့ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာ ဒေသများအပြင် အခြားမြို့နယ်များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှကုန်ချိန် ပိဿာ(၂)သောင်း၊ တစ်ပတ်အတွင်း ပိဿာ(၁)သိန်းခွဲခန့် ဈေးကွက်သို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စိုက်ပျိုးရေးအခြေခံပြီး ဒေသထွက်ကုန် များစွာ ထွက်ရှိရာမှ မန်ကျည်းသီးမှည့်သည်လည်း တစ်မျိုးအပါအဝင်ဖြစ်ပြီး ပခုက္ကူဈေးကွက်တွင် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုနိုဝင်ဘာလ(စတုတ္ထပတ်)တွင် မန်ကျည်းသီးမှည့်အသားများ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မန်ကျည်းပင်ကို ပေါက်ရောက်တွေ့ရှိရပြီး ရာသီဥတုပူပြင်းသော မြန်မာနိုင်ငံအထက်အညာဒေသများတွင် အများဆုံးတွေ့ ရှိရသည်။ မကွေးတိုင်းဒေသကြီး ပခုက္ကူခရ
ဂေါ်ဖီထုပ်အနွယ်ဝင်ဖြစ်သော ပန်းမုန်လာ (ဂေါ်ဖီပန်း)ကို ရှမ်းပြည်နယ်တောင်ပေါ်ဒေသများတွင် ဧပြီ၊ မေ၊ စက်တင်ဘာနှင့် အောက်တိုဘာလများတွင် နှစ်စဉ်စီးပွားဖြစ် စိုက်ပျိုးသော ကုန်စိမ်းသီးနှံဖြစ်ပါသည်။ယခုကာလတွင် မုန်တိုင်းအရှိန်ဖြင့် မိုးများ၍ သီးနှံစိုက်ခင်းများ ရေနစ်ပျက်စီးမှုများကြောင့် ဈေးကွက်၏ ဝယ်လိုအားထက်ဝက်ခန့် အထွက်နှုန်းလျော့ကျသဖြင့် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေကြီးနစ်မြုပ်မှုဒဏ်ခံရ၍ ပြန်လည်ပြုပြင်ခဲ့ရသော စိုက်ခင်းများ၊ ရေကြီးကာလအတွင်း နစ်မြုပ်မှုမရှိသောစ
ဂေါ်ဖီထုပ်သီးနှံကို ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသခံတောင်သူများမှ နှစ်စဉ်စီးပွားဖြစ်စိုက်ပျိုးသော ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်ပါသည်။ ဂေါ်ဖီသီးနှံသည် ယခုကာလတွင် ဈေးကွက်ဝယ်လိုအားကောင်းသဖြင့် ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်လျက်ရှိပါသည်။ ဂေါ်ဖီထုပ်များအား ပြည်တွင်းဒေသစုံ ဈေးကွက်သို့ တင်ပို့လျက်ရှိရာ အမြင့်ဈေးရရှိပြီး အရောင်းသွက်လျက်ရှိပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အာလူးကို မြို့နယ်တိုင်းတွင် စိုက်ပျိုးကြသော်လည်း ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အဓိက စိုက်ပျိုးလျက်ရှိပြီး အခြားမြို့နယ်များတွင် အနည်းငယ်စိုက်ပျိုးလျက်ရှိပါသည်။ အာလူးသီးနှံအား တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်ပြီး မိုးအာလူး(မတ်မှ ဇွန်)လအထိ၊ ဆောင်း အာလူး(ဩဂုတ်မှ နိုဝင်ဘာ)လအထိ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ဟဲဟိုးဒေသတွင် ရေအာလူး (သို့) နွေအာလူး (ဇန်နဝါရီမှ ဖေဖော်ဝါရီ)လအထိ စိုက်ပျိုးကြပါသည်။ ရှမ်းပြည