ကုန်သွယ်မှုသတင်းများ
Volkswagen Group နှင့် SAIC Motor တို့သည် ရှန်ဟိုင်းတွင် ၎င်းတို့၏ ဖက်စပ်စာချုပ် ကို ၂၀၄၀ ခုနှစ်အထိ သက်တမ်းတိုးချုပ်ဆိုရန် ၂၇.၁၁.၂၀၂၄ ရက်နေ့(ဗုဒ္ဓဟူးနေ့) ကကြေညာခဲ့ပြီး ၎င်းတို့၏ ရေရှည်လက်တွဲမှုကို ပိုမိုခိုင်မာစေခဲ့ကြောင်း သိရသည်။ SAIC Volkswagen သည် ခရီးသည်တင်ကားများအတွက် တရုတ်နိုင်ငံ၏ ပထမဆုံးဖက်စပ်လုပ်ငန်းဖြစ်သည်။ ဖက်စပ်လုပ်ငန်းသက်တမ်းအား ၅၅ နှစ်အထိ တိုးမြင့်ထားသည့်စာချုပ်ကို ဒုတိယအကြိမ် သက်တမ်းထပ်မံတိုးမြှင့်ခြင်းဖြစ်သည်။ Volkswagen AG ၏ စီမံခန့်ခွဲမှု ဘုတ်အဖွဲ့၏

တရုတ်နိုင်ငံ၏ မိုဘိုင်းလ်ဖုန်းတင်ပို့ရောင်းချမှုသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် တစ်နှစ်ထက်တစ်နှစ် ၁.၈% မြင့်တက်ခဲ့ပြီး အလုံးရေ ၂၉.၆၇ သန်းကျော် ရှိကြောင်း တရုတ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအကယ်ဒမီ (CAICT) ထုတ်ပြန်ချက်အရ သိရသည်။ 5G မိုဘိုင်းလ်ဖုန်းများသည် အောက်တိုဘာလ တင်ပို့မှု၏ ၉၀.၁% စုစုပေါင်းအလုံးရေ ၂၆.၇၂ သန်းဖြင့် တစ်နှစ်ထက် တစ်နှစ် ၁.၁% တိုးလာကြောင်း စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ သုတေသနဌာန (CAICT) မှ ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ပထမ

တူရကီနိုင်ငံသည် အိုမန်နှင့် ၎င်း၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း တူရကီသမ္မတ Recep Tayyip Erdogan က ၂၈.၁၁.၂၀၂၄ ရက်နေ့(ကြာသပတေးနေ့) က ပြောကြားခဲ့သည်။ Ankara ၌ Omani Sultan Haithan Bin Tariq AI Said အလည်အပတ်ရောက်ရှိစဉ် ကျင်းပသော ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် Erdogan က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ တူရကီသမ္မတ မှ အိုမန်နိုင်ငံနှင့် စွမ်းအင် ပူးပေါင်း ဆောင်ရွက်မှုကို အားကောင်းစေရန် အဆင်သင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး

ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဖြစ်သူ Pichai Naripthaphan သည်ထိုင်းနိုင်ငံက အမေရိကန်ကိုကုန်သွယ်ရေးပိုငွေပြမှုနှင့်ပတ်သတ်၍ စိုးရိမ်မှုများကိုဖြေရှင်းရန် အမေရိကန်နိုင်ငံသို့ ဖေဖော်ဝါရီလတွင်သွားရောက်လည်ပတ်ရန် စီစဉ်ထားကြောင်းသိရပါသည်။၂၅.၁၁.၂၀၂၄ ရက် နေ့က Amazon၊ Apple၊ Boeing၊ Citi၊ Google၊ Mastercard၊ Seagate အစရှိသည့်လူသိများသည့်လုပ်ငန်းများပါဝင်သည့် အမေရိကန်-အာဆီယံစီးပွားရေးကောင်စီမှ အဖွဲ့ဝင် ၅၀ မှကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာနတွင်

အင်ဒိုနီးရှားနိုင်ငံခရီးသွားလာရေးဝန်ကြီးဖြစ်သူ Widiyanti Putri Wardhana ကနိုင်ငံ၏ခရီသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် ယူအေအီးတွင်ရင်းနှီးမြှုပ်နှံသူများအားဖိတ်ခေါ်ခဲ့ကြောင်းသိရပါသည်။ယူအေအီးနိုင်ငံစီးပွားရေးဝန်ကြီးဖြစ်သူAbdulla Bin Touq Al Marri နှင့်အဘူဒါဘီမြို့တွင်တွေ့ဆုံစဉ် Wardhana က အင်ဒိုနီးရှားနိုင်ငံသို့ ယူအေအီးခရီးသွား များ လာရောက်လည်ပတ်ရန် ကြီးမားသည့်အလားအလာကိုမြင်တွေ့ခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှား၏ခရီးသွားကဏ္ဍ၌ ယူအေအီး၏ရင်းန
