ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့တွင် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလတွင် ပေါင်းတည်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ပေါင်းတည်မြို့၊ နတ်ပုတီးကျေးရွာမှ တောင်သူတစ်ဦးနှင့်သွားရောက်တွေ့ဆုံပြီး ငရုတ်သီးစိမ်းစိုက်ပျိုးမှုကိုမေးမြန်းခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ မော်ရကျေးရွာ၊ ထန်းတပင်ကျေးရွာနှင့် အခြားကျေးရွာများတွင် မိုးခရမ်းသီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ မိုးခရမ်းသီးစိုက်ပျိုးရန် ပျိုးပင်တစ်ပင်ကို ၅၀ကျပ်နှုန်းဖြင့် တစ်ဧကကို ပျိုးပင် ၄၀၀၀ခန့်စိုက်ပျိုးရပါသည်။ မြေကျင်းကလေးများတူးပြီး ပျိုးပင်တစ်ပင်ကို ပင်ခြားတန်းခြား နှစ်ပေခွဲထားပြီး စိုက်ပျိုးကြပါသည်။ ခရမ်းသီးစိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ ပေါင်းမြက်ရှင

နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျောင်းကြီးကျေးရွာ၊ အုတ်တွင်းကုန်းကျေးရွာ၊ သရက်တပင်ကျေးရွာ၊ ဝဲကြီးကျေးရွာနှင့် အခြားကျေးရွာများတွင် ပန်းဂေါ်ဖီများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်းကျဆင်းလျှက်ရှိပြီး ယခင်လက ခရမ်းချဉ်သီးလက္ကားဈေးနှုန်း တစ်ပိဿာလျှင် ( ၈၅၀) ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ဖြစ်ပြီး ယခုအခါက ခရမ်းချဉ်သီး လက္ကားဈေးနှုန်း တစ်ပိဿာလျှင် ( ၇၀၀) ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၈၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ကြက်သွန်ဖြူ ဈေးနှုန်းအနည်းငယ်မြှင့်လျက်ရှိပြီး ဈေးနှုန်းများအနေဖြင့် ယခင်လက ကြက်သွန်ဖြူလက္ကားဈေးနှုန်း တစ်ပိဿာလျှင် ( ၁၇၀၀) ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၁၈၀၀) ကျပ်ဖြစ်ပြီး ယခုအခါ ကြက်သွန်ဖြူ လက္ကားဈေးနှုန်း တစ်ပိဿာလျှင် (၂၁၀၀) ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၂၂၀၀) ကျပ်တို့ဖြစ် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။