ကုန်သွယ်မှုသတင်းများ
ဆောင်းရာသီကုန်ခါနီးအချိန်ဖြစ်၍ ရာသီဥတုမှာ နေ့ခင်းအချိန်များတွင် ပူပြင်းလာပြီး မနက်ခင်းအချိန်တွင် အေးလျက်ရှိနေပါသည်။ ထို့ကြောင့် ပြည်ခရိုင်၊ ပြည်မြို့ရှိ ပန်းဈေးကွက်အနေဖြင့် ယခုအချိန်တွင် ရောင်စုံပန်းများဖြစ်သော ဂန္ဓမာပန်း၊ သစ္စာပန်း၊ နှင်းဆီပန်း၊ မေမြို့ပန်း အစရှိသဖြင့် ပန်းများဈေးကွက်တွင် ရောင်းချလျက်ရှိနေပါသည်။ ထိုပန်းများကို ပြည်မြို့အနီးတဝိုက်ရှိ မှော်ဇာ၊ ကင်းပွန်းခြုံနှင့် ရွှေတောင်မြို့နယ်ရှိ ကသစ်ကိုင်းကျေးရွာများမှ လာရောက်ရောင်းချ ကြပါသည်။ ထိုကျေးရွာများ

ကံ့ကော်ပန်းသည် လူကြိုက်များသောပန်းပင်တစ်မျိုးပင်ဖြစ်ပါသည်။ ပန်းရနံ့မှာ အလွန်မွှေးကြိုင်ပြီး အမြဲစိမ်းလန်းစိုပြေနေသည့် သစ်မာပင်တစ်မျိုးဖြစ်ပါသည်။ သဘာဝကံ့ကော်ပင်မှာ တစ်နှစ်လျှင် တစ်ကြိမ် သာဖူးပွင့်ပြီး အမြင့်ပေရှစ်ဆယ်၊ လုံးပတ်ဆယ်ပေအထိရှိသော အရိပ်အာဝါသကောင်းသော အပင်မျိုးဖြစ် ပါသည်။ ကိုင်းဆက်ကိုင်းကူးဖြင့် ပြုလုပ်ထားသော စိုက်ပျိုးရေး ကံ့ကော်ပန်းပင်သည် တစ်နှစ်ပတ်လုံး ပွင့်ပါသည်။ စိုက်ပျိုးရေးကံ့ကော်ပန်းပင်မှာ အပင်ပုလေး များဖြစ်ပြီး လုံးပတ်မှာလည်းသေးပါသည်။ ကံ့ကော် ကိ

ထန်းလျက်ဆိုသည်မှာ ထန်းရည်ချိုကိုချက်၍ရသောအစားအစာတစ်မျိုးဖြစ်ပါသည်။ ထန်းလျက်သည် အချိုဓါတ်ပါသော စားစရာတစ်မျိုးဖြစ်ပြီး ထန်းလျက်ကိုတမျိုးတည်းစား၍ရသလို အရည်ကျို၍ မုန့်လက်ကောက်ကြော်၊ နှမ်းကပ်ကြော်တို့နှင့်တို့၍လည်းကောင်း အမျိုးမျိုးလုပ်စား၍ ရပါသည်။

နွေဦးရာသီတွင် သရက်ဖူးလေးများလှိုင်လှိုင်ပွင့်နေကြပါသည်။ ပူအိုက်လာသော ရာသီဥတုဖြစ်လာသည်နှင့်အမျှ အစားအသောက်များပျက်လာတက်ကြပါသည်။ အစားအသောက်ပျက်ချိန်တွင် အချို ၊အချဉ် အရသာများကို ခံတွင်းတွေ့တက်ကြပါသည်။

ကျေးလက်နေပြည်သူအများစုသည် နံနံက်ခင်းအဆာပြေအတွက် ထမင်းကိုစားသုံးမှုများ ကြပြီး ၊ မြို့နေလူတန်းစားအများစုမှာ အခြားမုန့်ပဲသရေစာများကိုစားသုံးကြသလို လ္ဘက်ရည်ဆိုင် များတွင် လ္ဘက်ရည်နှင့်တွဲဖက်၍ အီကြာကွေးနှင့်ပဲပလာတာများကိုလည်း နေ့စဉ်စားသုံးကြပါသည်။ လူအများစားသုံးမှုများသည့် အီကြာကွေးနှင့်ပဲပလာတာပြုလုပ်ရန်အတွက်ဂျုံကိုအသုံးပြုရပြီး ဂျုံ တစ်ပိဿာလျှင်(၇၅၀၀)ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူသုံးစွဲရကြောင်း ဂျုံတစ်ပိဿာကို အီကြာကွေး ပြုလုပ်ပါက ယနေ့ခေတ်ပုံမှန်အရွယ်အစားအနေဖြင့် အီကြာကွေး(၄၅)ချောင်
