
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၆) ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ ပခုက္ကူ၊ တောင်သာဒေသတို့မှ ကြက်သွန်နီ (၆၆၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါ သည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၆၄၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင် သတင်းအရသိရှိရသည်။ ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၄၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၈၀၀၊ အကြီးမှာ ကျပ် ၁၃၀၀၊ ရှယ်မှာ ကျပ် ၁၆၀၀၊ မုံရွာ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၅၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၈၅၀၊ အကြီးမှာ ကျပ် ၁၃၅၀၊ ရှယ် မှာ ကျပ် ၁၈၀၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၅၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၇၀၀၊ အကြီးမှာ ကျပ် ၁၂၀၀၊ ပခုက္ကူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၄၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၇၅၀၊ အကြီးမှာ ကျပ် ၁၃၀၀၊ တောင်သာ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၃၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၆၀၀၊ အကြီးမှာ ကျပ် ၁၀၀၀၊ ရှယ်မှာ ကျပ် ၁၄၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။
ယခုတစ်ပတ်တွင် ဆိပ်ဖြူ၊ မုံရွာ၊ မြင်းခြံ ကြက်သွန်နီဈေးနှုန်းများမှာ ယခင်အပတ်ကထက် ဈေးအနည်းငယ်တက်လျက်ရှိပါသည်။ တောင်သာကြက်သွန်နီမှာ ယခင်အပတ်အထက် ဈေးအနည်းငယ်ကျသွားပြီး ပခုက္ကူကြက်သွန်နီမှာ ယခင်အပတ်အတိုင်း ဈေးတည်ငြိမ်နေကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)
