ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုလေ့လာ၍ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၁-၁၁-၂၀၂၄) ရက်နေ့တွင် ကျီးသဲကျေးရွာအုပ်စု၊ လိပ်ပုတ်ကုန်းကျေးရွာရှိ ပန်းဂေါ်ဖီစိုက်ပျိုးထားသော တောင်သူဦးမြင့်လွင်နှင့်သွားရောက်တွေ့ဆုံ၍ ဈေးနှုန်း၊ ဈေးကွက်အခြေအနေနှင့် ထွက်ရှိမှုတို့အားသိရှိနိုင်ပါရန် ဆွေးနွေးခဲ့ပါသည်။ အဆိုပါတောင်သူစိုက်ပျိုးသော ပန်းဂေါ်ဖီမျိုးမှာ ဘူးမန်း (၁၅၃)မျိုးဖြစ်ပြီး စိုက်ဧကမှာ (၀.၂၅)ဧကစိုက်ပျိုးထားရှိပြီး ယခင်နှစ်ကလည်း အလားတူစိုက်ပျိုးခဲ့ပါသည်။ ပန်းဂေါ

ပြည်ဈေးကွက်သို့ ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် နေပြည်တော်နှင့် ရန်ကုန်ဘက်မှ အောင်သပြေပန်းများတစ်ခြင်းလျှင် အပင်ရေ (၂၅၀)ပင်ပါရှိသည့် ခြင်းပေါင်း (၁၀)ခြင်းခန့်အဝင်ရှိပြီး တစ်ပတ်လျှင် (၂)ကြိမ်ခန့်ဝင်ရောက်မှုရှိကြောင်းသိရပါသည်။ ခြင်းတစ်ခြင်းလျှင် အောင်သပြေပန်း အတုံးကြီး၊ လတ်၊ သေး သောင်းပြောင်းပါရှိသည့်အတွက် ပြန်လည်ရောင်းချရာတွင် အပင်သေးတစ်ပင် လျှင် (၁၅၀၀-၂၀၀၀)၊ အပင်အလတ်တစ်ပင်လျှင် (၂၅၀၀-၃၀၀၀)၊ အပင်အကြီးအချောတစ်ပင်လျှင် (၅၀၀၀-၆၀၀၀-၇၀၀၀)နှုန်းအထိ အသီးသီးရောင်းဝယ်မှုရှိနေသည

ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် ပြည်ဈေးကွက်သို့ ကြက်သွန်နီသီးနှံအနေဖြင့် အဟောင်းလက်ကျန်များ အဆက်မပြတ် အများအပြားဝင်ရောက်မှုရှိလာပြီး ပခုက္ကူနယ်ဘက်မှ ပိဿာချိန် (၅၀၀၀)၊ အောင်လံနယ်ဘက်မှ ပိဿာချိန်( ၃၀၀၀)၊ ကျောက်ပန်းတောင်းဘက်မှ ပိဿာချိန် (၈၀၀၀)နှင့် ရေနံချောင်းဘက်မှ ပိဿာချိန် (၄၅၀၀)စသဖြင့် အသီးသီးဝင်ရောက်မှုရှိနေသည်။ ဈေးကွက်အတွင်းမှ ပန်းတောင်း၊ ဥသျှစ်ပင်၊ မြန်အောင်၊ ကြံခင်း၊ မိုးညို၊ ကြို့ပင်ကောက်၊ ပေါင်းတည်၊ နတ်တလင်းနယ်များသို့ တိုင်းကျော်နယ်ကျော် စီးဆင်းမှုများ၊ ဒေသတွင်းဝ

ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် ပြည်ဈေးကွက်သို့ ရှမ်းပြည် ပင်းတယ၊ ကလော၊ ပင်လောင်း စသည့်မြို့နယ်များမှ ဝင်ရောက်လာသည့် ဂေါ်ရခါးသီးများ အရောင်းအဝယ်များနေကြောင်းသိရှိရပါသည်။ ကုန်ပစ္စည်းဝင်ရောက်မှုမှာ များနေပြီး အရောင်းအဝယ်လည်းသွက်လျက်ရှိပါသည်။ ယခင်က ဂေါ်ရခါးသီးကို ဟင်းချက်ပြီး ကြော်စားသည့်အပြင် မုန့်နှစ်များဖြင့် ကြော်၍လည်းစားသုံးကြပါသည်။ ယခုအခါ ဂေါ်ရခါးသီးအရင့်ကို ပြုတ်၍စားသောက်ပါက အသီးမှာစေးပြီး လူကြိုက်များပါသည်။ ဂေါ်ရခါးသီးတစ်လုံးလျှင် ယခင်က (၅၀၀)ကျပ်ဖြင့်ရောင်းချခဲ့ပ
