ကုန်သွယ်မှုသတင်းများ
ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များမှ မိုးစပါး၊ နွေစပါးစိုက်ဧက ၇၃၅၈၃၅ဧကရှိပြီး အထွက်တင်းအားဖြင့် ၆၈၄၇၀၂၉၆တင်းထွက်ရှိပြီး စားသုံးမှု၊ မျိုး၊ အလေအလွင့်နှင့် အခြားစားသုံးမှုမှာ ၂၁၀၅၆၂၁၃တင်းရှိသည့်အတွက် စပါးပိုလျှံမှု ၄၇၄၁၄၀၈၃တင်းပိုလျှံပါသည်။ ပိုလျှံသည့်စပါးများအား ဆန်အဖြစ်ကြိတ်ခွဲပြီး အထက်အညာဒေသသို့တင်ပို့လျက်ရှိပြီး အဓိက ရန်ကုန်တိုင်းသို့ တင်ပို့လျက်ရှိပါသည်။ ထိုသို့တင်ပို့ရာတွင် တင်ပို့သည့်စာရင်းဇယားအား လစဉ်တင်ပြလျက်ရှိပြီး တစ်လလျှင် ၃၀၀၀၀ကျော်ခန့်ဆန်စီးထွက်လျက်ရှ

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မြို့မဈေးနှင့် ကမ်းနားဈေးများတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ စားသုံးသူပြည်သူများသို့ နံနက် (၀၇:၀၀) နာရီမှ နံနက်(၁၀:၀၀) နာရီအချိန်ထိ ကြက်ဥတစ်လုံးလျှင် (၄၀၀) ဖြင့်လည်းကောင်း၊ ဘဲဥတစ်လုံးလျှင် (၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကြက်ဥ အလုံး (၆၀၀) နှင့် ဘဲဥ အလုံး (၃၀၀)တို့အား ကြက်ဥတစ်လုံးလျှင် (၄၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဘဲဥတစ်လုံးလျှင် (၅၀၀) ကျပ်ဖြင့်လည်းကောင်း ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်တွင် မွေးမြူးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသလို မြစ်အတွင်းမှ ငါးဖမ်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ညောင်တုန်းမြို့သည် စိုက်ပျိုးရေး အဓိက ထားစိုက်ပျိုးကြသလို မွေးမြူရေးလုပ်ငန်းဖြင့်လည်း စီးပွားဖြစ်ထွန်းအောင် လုပ်ကိုင်ဆောင်ရွက်နေပြီး ညောင်တုန်းမြို့နယ် ထွက်ရှိသော ငါးများကို ရန်ကုန်သို့ တင်ပိုလျက်ရှိပြီး ရန်ကုန်မှတဆင့် ပြည်ပပို့ကုန်အဖြစ် ငါးများတင်ပို့နေကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်မှ ပြောပြ၍ သိရသည်။
ကုန်ဈေးနှုန်းများမြင့်တက်လာသည်နှင့်အမျှ ပုသိမ်မြို့နယ်အတွင်းတွင် ကြက်သားဈေးနှုန်းမှာလည်း မြင့်တက်လျက်ရှိကြောင်း စားသုံးသူပြည်သူများထံမှသိရှိရပါသည်။ ကြက်သားတစ်ပိဿာဈေးနှုန်းမှာ မွေးမြူရေးကြက်အရှင်ဈေး (၁၃၀၀၀)ကျပ်ခန့်၊ အသားဈေးနှုန်း (၂၀၀၀၀)ကျပ်ခန့်အထိမြင့်တက်နေပြီး ဗမာကြက်အရှင်ဈေး (၂၂၀၀၀)ကျပ်ခန့်၊ အသားဈေးနှုန်းမှာ (၃၀၀၀၀)ကျပ်ခန့်ထိရှိကြောင်းသိရှိရပါသည်။ မေးမြန်းချက်အရ ကြက်သားဈေးနှုန်းမြင့်တက်မှုမှာ ကြက်စာဝယ်ယူရာတွင် သယ်ယူခမြင့်တက်မှုကြောင့် ကြက်စာဈေးနှုန်းကြီးမြင့်မှုအပ

ကလားဝါးဥကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် စီးပွားဖြစ် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။ ကလားဝါးဥကို မိုးအကုန် အောက် တိုဘာလနှင့် နိုဝင်ဘာလများတွင် တူးဖော်ရောင်းချကြပါသည်။ ဝါးဥပင်ကိုစိုက်ပျိုးရာတွင်လည်း တကူးတကစိုက်ပျိုးစရာမလိုဘဲ ဝါးဥကိုတူးဖော်စဉ်ကပင် အပင်တက်ထွက်ရာ ဝါးဥ၏အမြီးပိုင်းကို လက်တစ်ဆစ်ခန့်ချိုး၍ တူးယူသောကျင်း၌ပင် ပြန်လည်မြေဖို့၍ စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး နောင်နှစ်မိုးဦးကျမှသာ အပင်တက်များ ပြန်လည်ထွက်ပေါ်လ
