ကုန်သွယ်မှုသတင်းများ

Powered by Drupal
20 Mar 2025

မြင်းခြံမြို့နယ်တွင် ပဲစင်းငုံသီးနှံများကို နေရာအနှံခင်းလုံးပြည့်စိုက်ပျိုးမှုရှိသလို မြေပဲခင်း များနှင့်သီးညှပ်စိုက်ပျိုးသည်များလည်းရှိပါသည်။ စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၅၈၉၃) ဧကစိုက်ပျိုးထားပြီး မြင်းခြံဈေးကွက်အတွင်းသို့ ပဲစင်းငုံများ ပုံမှန်ဝင်ရောက်လျက်ရှိပါကြောင်း ဈေးနှုန်းများအနေဖြင့် တစ်ရက်နှင့်တစ်ရက်၊  တစ်ပတ်နှင့်တစ်ပတ်မတူဘဲ ဈေးနှုန်းများ ပြောင်းလဲ ကျဆင်းလာကြောင်း မြင်းခြံကုန်စည်ဒိုင်၏ နေ့စဉ်ရောင်းဝယ်နေသော ကုန်ရောင်းကုန်ဝယ် ကြေညာစာရင်းများအရသိရသည်။  တ

20 Mar 2025

မြင်းခြံမြို့နယ်တွင်းသို့ ဆောင်းစိုက်နွေကြက်သွန်များ ဈေးကွက်အတွင်းသို့ ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်မှစလို့ ဈေးကွက်အတွင်းသို့ ဝင်ရောက်ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ထိုသို့ ဆောင်းစိုက်နွေကြက်သွန်များ ဝင်ရောက်လာသည်နှင့်အမျှ မိုးကြက်သွန်ဈေးသည်လည်း တဖြည်း ဖြည်း ဈေးနှုန်းအကျဘက်သို့ဦးတည်လာကြောင်းသိရသည်။ ဆောင်းစိုက်နွေကြက်သွန်ကို မြင်းခြံ မြို့နယ်တွင် (၈၆၀၀) ဧက ၊ နွားထိုးကြီးမြို့နယ်တွင် (၂၃၉၄) ဧက ၊ တောင်သာမြို့နယ်တွင် (၉၂၀၄) ဧက စိုက်ပျိုးထားကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌ

20 Mar 2025

   မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်သည် ၂၀၂၄-၂၀၂၅ခုနှစ် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊နေကြာများစိုက်ပျိုးကြရာ နေကြာသီးနှံကို (၁၂၄၇၈)ဧက လျာထားပြီး (၁၂၄၈၀)ဧက စိုက်ပျိုးကြောင်း စိုက်ပျိုးရေးဦးစီးဌာနစာရင်းအရ သိရသည်။ နေကြာကို တမာပင်ကျေးရွာ၊ စီထိန်း၊ ပျော်ဘွယ်၊ ညောင်ချင်း၊ ခြင်္သေ့လက်ကျေးရွာများတွင် စိုက်ပျိုးမှုများကြပြီး သီးထပ်သီးညှပ် စိုက်ပျိုးသည့်အပြင် သီးသန့်လည်းစိုက်ပျိုးကြောင်း၊ စိုက်ပျိုးသောမျိုးမှာ ဆင်းရွှေကြာ-၂ နှင့် ရေဆင်း(၁)မျိုးတို့ဖြစ်ကြောင်း သိရသည်။ နေကြာတစ

20 Mar 2025

           သခွားမွှေးသီးသည် အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိသော သစ်သီးတစ်မျိုးဖြစ်ပြီး၊ အသီး၏ပုံသဏ္ဍာန်မှာအလုံး၊ ဘဲဥပုံ၊ လုံးရှည်ပုံစသည်ဖြင့် အမျိုးမျိုး ရှိပြီး၊ အခွံအရောင်မှာ အစိမ်း၊ အဖြူ၊  အဝါ၊ ဆင်စွယ်ရောင်တို့ဖြစ်ပြီး၊ အတွင်းသားအရောင်မှာလည်း ဖြူစိမ်း၊ လိမ္မော်နီ၊ အစိမ်းစသည့် အရောင်များရှိသည်။

20 Mar 2025

            ပြည်မြို့ရှိ ဈေးကွက်များအတွင်းသို့ ပြည်မြို့အနီးရှိ ကျေးရွာများနှင့် ဉယျာဉ်များမှ သရက်သီးအစိမ်းများ လာရောက်ရောင်းချလျက်ရှိပြီး စားသုံးသူများကဝယ်ယူစားသုံးကြပါသည်။ ပေါ်ခါစဖြစ်၍ သရက်သီးစိမ်းများမှာ အချဉ်ဓါတ်နည်းပြီး မွှေးကြွပ်မှုရှိသဖြင့် ဈေးကောင်းပေး၍ ဝယ်ယူစားသုံးကြပါသည်။ ယခုအချိန်သည် သရက်သီးစိမ်းများစတင်ပေါ်လာသဖြင့် ရန်ကုန်ဘက်မှ ဝင်ရောက်လာသော သရက်သီး စိမ်း(အကြီး) သီးများမှာ အရောင်းအဝယ် အနည်းငယ်အေးသွားခဲ့ပါသည်။ ထိုသရက်သီးများကို ချဉ်ပေါင်း သည်များကသာဝယ်ယူမှုရှိပါသ

Pages