ပုသိမ်မြို့နယ်အတွင်း ဂျင်း(ချင်း)ဈေးနှုန်းများ အနည်းငယ်ကျဆင်း

Powered by Drupal

    ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများတွင် ရောင်းချနေသော ဂျင်း(ချင်း)များကို ဒေသခံများ ထံမှ လည်းကောင်း၊ အနီးအနားမြို့နယ်များဖြစ်သည့် ကန်ကြီးထောင့်မြို့နယ်နှင့် ရေကြည် မြို့နယ်များမှလည်းကောင်း ဝယ်ယူရကြောင်း သိရသည်။ ဂျင်း(ချင်း)များကို အစားအသောက် များတွင် အရသာပိုမို ကောင်းမွန်ရန်အတွက် အသုံးပြုကြသလို မြို့နယ်အတွင်း ဓားလှီး ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၊ ဒုတိယပတ်တွင် ပုသိမ်မြို့၊ ဘူတာဈေးတွင် ရောင်းချနေသည့် ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက်ကား(၁)ပိဿာလျှင် (၄,၈၀၀)ကျပ်၊ လက်လီ (၁)ပိဿာ လျှင် (၅,၃၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။ ပုသိမ်မြို့နယ်အတွင်း တစ်ပိုင်တစ်နိုင် ဓားလှီးဂျင်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ ဓားလှီးဂျင်းဈေးနှုန်းမှာ လက်လီ (၁)ပိဿာလျှင် (၅,၅၀၀) ကျပ်နှင့် လက်ကား တစ်ပိဿာလျှင် (၅,၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။ နိုဝင်ဘာလ၊ ပထမပတ် ဈေးနှုန်းများဖြင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ဂျင်းတက် (၁)ပိဿာ လျှင် (၄၀၀) မှ (၆၀၀)ကျပ် အထိ ဈေးကျဆင်းလာကြောင်း ဂျင်းတက်ရောင်းချသည့် ဈေးသည် တစ်ဦးထံမှ သိရှိရသည်။

  ဘူတာဈေးတွင် ဂျင်းတက်များ ရောင်းချနေသည့် ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက "ယခု လတ်တလော ဂျင်းအသစ်တွေ စတင်ဝင်ရောက်လာတာကြောင့် ဈေးနည်းနည်း ကျသွားတယ်။ ဒါပေမယ့် ရောင်းအားကတော့ ပုံမှန်အတိုင်းပါပဲ။ အထူးသဖြင့် ဟင်းချက်တဲ့အခါ ဂျင်းသုံးတဲ့ အိမ်တွင်းစားသုံးသူတွေနဲ့ ဓားလှီးဂျင်းလုပ်တဲ့ ဆိုင်တွေက ဝယ်ယူနေကြတုန်းပါပဲ" ဟု ပြောကြားသည်။ ပုသိမ်မြို့နယ်အတွင်းမှ ထွက်ရှိသော ဂျင်း(ချင်း)များသည် ဒေသတွင်း ဈေးကွက်သာမက အနီးအနားရှိ မြို့နယ်များသို့ပါ တင်ပို့ရောင်းချလျက်ရှိပြီး ဒေသခံစားသုံးသူ များ၏ နှစ်သက်မှုကို ရရှိထားပါသည်။

DOCA(ဧရာဝတီ)