ကုန်သွယ်မှုသတင်းများ

Powered by Drupal
06 Nov 2024

ရွှေဖရုံသီးသည် များသောအားဖြင့် လုံးဝန်း၍ ထိပ်နှစ်ဖက်ပြားသည်။ ဘေးတွင် အမြွာအမြောင်းများဖြစ်နေပြီး အသီး၏လုံးပတ်သည် တစ်ခါတစ်ရံ ခုနှစ်ပေမှ ရှစ်ပေအထိရှိတတ်သည်။ မျိုး လုပ်ရန် ထားသောအသီးသည် တစ်ခါတစ်ရံ ပိဿာ (၆၀)မှ (၁၀၀)အထိလေးတတ်ကြပါသည်။ အခွံသည် မာ၍ အရောင်အမျိုးမျိုးဖြစ်သည်။ နုစဉ်အစိမ်းပေါ်တွင် အစက်ပြောက်များရှိ၍ ရင့်လာသည့်အခါ ဝါညိုညိုပေါ်၌ အစက်အပြောက်များရှိလာသည်။ အခွံမှအသားကိုထုတ်၍ အခွံကိုအခြောက်လှမ်းပြီးလျှင် ခွက်အဖြစ်သုံးစွဲကြသည်။ အတွင်းသားသည် နုသည့်အခါ ဝါဖျော့ဖျော့ဖြစ်၍ ရင့်သည့်အခါ ဝါရင

06 Nov 2024

           သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေးခေါင်းစဉ်ဖြင့် ‘တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း’ အား (၂၅.၁၀.၂၀၂၄) မှ (၃၀.၁၀.၂၀၂၄) ရက်နေ့အထိ အောင်ပန်းမြို့၊ သမဝါယမခန်းမတွင် ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်းသိရှိ ရပါသည်။

06 Nov 2024

ပြည်ခရိုင်တွင် မြို့နယ်(၄)မြို့နယ်ရှိပြီး ၎င်းတို့မှာ ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းနှင့် ရွှေတောင်မြို့နယ်တို့ဖြစ်ပါသည်။ ထိုမြို့နယ်များထဲတွင် ပြည်မြို့နယ်သည် စီးပွားရေး၊ လူမှုရေးအရ အချက်အခြာကျသောမြို့နယ်တစ်ခုဖြစ်ပြီး ရထားလမ်း၊ ကားလမ်းဆုံရာမြို့ဖြစ်ပါသည်။ သီးနှံများရောင်းဝယ်ဖောက်ကားရာတွင် အဆင်ပြေစေရန် ပြည်ကုန်စည်ဒိုင်ကိုလည်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့်အပြင် ဈေးများအနေဖြင့် ပြည်မြို့မစည်ပင်သာယာဈေးကြီးအပြင် ဈေး (၈)ဈေးဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိကြပါသည်။ ့ပြင် ပဲခူးတိုင်းဒေသကြီးအတွ

06 Nov 2024

ယခုအောက်တိုဘာလ နောက်ဆုံးပတ်တွင် ပြည်ဈေးကွက်၌ ခရမ်းသီးဈေးနှုန်းများမြင့်တက်လျက်ရှိပြီး ၅လုံးပါတစ်တွဲလျှင် ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် ကျပ်၇၀၀ခန့်ရှိခဲ့ရာ ယခုအပတ်တွင် ကျပ်(၁၂၀၀-၁၄၀၀)နှုန်းရှိနေပါသည်။ လက်လီ ခရမ်းသီးအချောတစ်လုံးလျှင် ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် ကျပ်၂၀၀ရှိခဲ့ရာ ယခုအပတ်တွင် ကျပ် ၃၅၀-၄၀၀ ထိဖြင့် ပြည်ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည်။ ပြည်မြို့အနောက်ဘက်ကမ်း ရွှေဘုံသာရွာနှင့် မကျီးစုရွာတို့မှ အများဆုံးဝင်ရောက်ပြီး ရွှေတောင်မြို့ဘက်မှလည်း အဝင်ရှိကာ ၂ရက်ခြားလျှင် တစ်

06 Nov 2024

"အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်" ဟူ၍အဆိုရှိသကဲ့သို့ ငါးတွင်လည်း "မယားမှာ ဆံတောက်၊ ငါးမှာ ငါးသလောက်" ဟူ၍ စာချိုးရှိကြပါသည်။ ငါးသလောက်ငါးမှာ ရေပေါ် ရေလွှာနေ ငါးများဖြစ်ကြသည်။ ရေချို၊ ရေငန်နှစ်မျိုးစလုံးတွင် နေထိုင်ကြပြီး ငါးသလောက်မျိုးစိတ်အားလုံးသည် ရာသီဥတုအလိုက် နေရာဒေသပြောင်းရွှေ့ကျက်စားသော သဘာဝရှိပြီး နေရာမရွေး၊ အချိန်မရွေး သားပေါက်ဖွားလေ့ရှိပါသည်။ မိုးတွင်းအခါ၌ ဥဥရန် ပင်လယ်မှ မြစ်ထဲသို့ ဆန်တက်လာလေ့ရှိသည်။ ဥပြီးသော ငါးသလောက်သည် ကြုံလှီသွားကာ အရသာပျက်သွားတတ်ပါသည်။ ငါးသလေ

Pages