ကုန်သွယ်မှုသတင်းများ
ထန်းသီးမှထွက်လာသော အစို့ကို ထန်းမြစ်(ထန်းပင်မြစ်)ကို မီးဖုတ်၍လည်းကောင်း၊ ပြုတ်၍လည်းကောင်း၊ ကြော်၍လည်းကောင်း စားသုံးလေ့ရှိကြပါသည်။ ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ ပုတီးကုန်း၊ ပေါင်းတလည်ကျေးရွာများတွင် ၎င်းကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ပြည်မြို့၊ စည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများသို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။ အဆိုပါ ထန်းမြစ်စိုက်ပျိုးရန်အတွက် ထန်းသီးအစေ့ရင့်များကို ဝါဆိုလနှင့် ဝါခေါင်လတို့တွင် မြေကျင်းများတူး၍ မြှပ်ပြီး စိုက်ပျိုးကာ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ယခုတန်ဆောင်မုန်းကာလ တန်ဆောင်မုန်းပဲသီးများကို ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ တန်ဆောင်မုန်းပဲကို ဝါခေါင်လမှစတင်၍ စိုက်ပျိုးပြီး (၄)လအကြာ တန်ဆောင်မုန်းလတွင် အသီးများကို စတင်ခူးဆွတ်ရောင်းချကြပါသည်။ တန်ဆောင်မုန်းပဲသီးများကို မှော်ဇာ၊ တွင်းမြည်း၊ တောင်လုံးညို၊ ဇီးအုပ်၊ ပေါက်တော၊ မြောင်းငယ်လှ၊ ပေါက်ခေါင်းစသောဒေသများတွင် အဓိကထားစိုက်ပျိုးလျက်ရှိသည်။ ယခင်နှစ်ဈေးနှုန်းအနေဖြင့် တန်ဆောင်မုန်းပဲသီး (၈)တောင့်တစ်စည်းလ

ယာကွန်ဥကို ဆေးဖက်ဝင်သည့်အပင် Superfood ဟုခေါ်ကြပါသည်။ Diet Potato ဟုလည်းခေါ်ကြ၍ ဝိတ်ကျစေရန်အတွက် အထောက်အကူပြုပါသည်။ ယာကွန်ဥ၏အရသာမှာပန်းသစ်တော်သီးကဲ့သို့ အရည်ရွှမ်းရွှမ်း၊ စိမ်းစားဥကဲ့သို့ ခပ်စပ်စပ်အရသာရှိပါသည်။ မြေကြီးထဲမှ ပန်းသီးဟုလည်းတင်စားကြ၍ ပန်းသီးသည် ဈေးကြီးသည့်အတွက် ပန်းသီးအစားထိုး ရောင်းချကြပါသည်။ ယာကွန်ဥတစ်လုံးစားပြီး ရေတစ်ခွက်အဝသောက်လျှင် ဟာနေသည့်ဝမ်းကို ပြည့်စေ၍ ပူနေသော ရင်ကိုလည်းအေးစေပါသည်။ ခန္ဓာကိုယ်အတွင်း ရေဓာတ်ခမ်းခြောက် မှုများဖြည့်စည

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

ယခုအောက်တိုဘာလ လကုန်ပတ်တွင် ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ် တောင်ကြီးဘက်မှ တစ်ဖာလျှင် (၆)ပိဿာဝင်ဆံ့သည့် (၁၀)ဖာကို ၅ရက်ခြားတစ်ကြိမ်ဝင်ရောက်မှုရှိကြောင်း သိရပါသည်။ ယခုမိုးကုန်ခါနီးတွင် ဟင်းသီးဟင်းရွက်အနည်းငယ်ရှားပါးသဖြင့် ပြည်ဈေးကွက်သို့ မုန့်ညှင်းဖြူအဝင်ရှိသလောက် အရောင်းအဝယ်သွက်နေကြောင်းသိရပါသည်။ ဖောက်သည်ဈေးမှာ တစ်ပိဿာလျှင် ကျပ်(၁၅၀၀)နှုန်းဖြင့်ဝယ်ယူရသဖြင့် ပြည်မြို့ပေါ်ရှိဈေးများတွင် လက်လီ (၁၀)ကျပ်သားလျှင် ကျပ်(၁၈၀၀/၂၀၀၀)နှုန်းဖြင့် အသီးသီးရောင်းဝယ်မှုရှိနေကြသည်။
