တန်ဆောင်မုန်းလရှိနှင်းပန်းစျေးကွက်

Powered by Drupal

            တန်ဆောင်မုန်းလရာသီအခါသမယအတွင်း ပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး ရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင်၊မိတ္တီလာခရိုင်နှင့်မြင်းခြံခရိုင်တို့မှ ထွက်သည့် ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်၊တောင်ကြီးဒေသတို့မှ ထွက်ရှိသည့်နှင်းပန်းများ ဝင် ရောက်လျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလဒုတိယပတ် အတွင်းဖြစ်ပေါ်သည့်လက္ကားစျေးအစီးကြီးတစ်စီးလျှင် ၁၀၀၀၀ကျပ်နှင့် ၁၃၀၀၀ကျပ်၊ လက်လီစျေးမှာနှင်းပန်း(၅ခက်ပါ) ၁ စီးလျှင် ၁၅၀၀ကျပ်နှင့်၂၀၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျှက်ရှိ ကြောင်း သိရှိရပါသည်။တန်ဆောင်မုန်းလရာသီချိန်အတွင်းဘုရားပွဲနှင့်အလှူပွဲတော်များကျင်းပသည့်အချိန် ဖြစ်၍ နှင်းပန်းမှာစျေးကွက်အတွင်း ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)