ကုန်သွယ်မှုသတင်းများ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်အုပ်စု၊ မိုင်းဇင်းအုပ်စုများတွင် ရာသီအလိုက်သီးနှံများကိုစိုက်ပျိုးလျက်ရှိရာ မေလ၊ ဇွန်လတို့တွင် ကန်ဇွန်းဥကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

ယခင် အောက်တိုဘာလ(စတုတ္ထ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ 40879၊ မန္တလေးသို့ အိတ်ရေ ၃၂၆၆၆၊ နေပြည်တော်သို့ အိတ်ရေ ၁၈၈၇၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၃၇၃၀၊ ကျောက်ပတောင်းသို့ အိတ်ရေ ၅၅၁၂၊ မိတ္ထီလာသို့ အိတ်ရေ ၇၆၁၀၊ တောင်ငူသို့ အိတ်ရေ ၁၁၇၅၊ ပဲခူးသို့အိတ်ရေ ၅၄၃၀၊ မကွေးသို့ အိတ်ရေ ၁၁၂၀၊ ဘားအံသို့ အိတ်ရေ ၆၄၂၅၊ ကချင် သို့ အိတ်ရေ ၁၈၃၀၊ မွန်သို့ အိတ်ရေ ၄၂၃၅၊ ပြည်သို့ အိတ်ရေ ၃၆၀၊ စုစုပေါင်း အိတ်ရေ (၁၂၃၂၁၉) အိတ်၊ တန်အား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်သည် ရာသီဥတုကောင်းမွန်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းမျာကို အဓိကလုပ်ကိုင်လျက်ရှိရာ၊ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာတွင် မြေပဲစိုက်ဧက ၁၃၀၀ ကျော် စိုက်ပျိုးထားရှိကြောင်း၊ မြေပဲကို မေလတွင်စိုက်ပျိုးပြီး ဩဂုတ်လတွင် တူးဖော်ကြကြောင်း၊ စိုက်ပျိုးထုတ်လုတ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်မြေပဲ တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၆၅၀၀၀၀ ခန့် ကုန်ကျပြီး တစ်ဧက ပျမ်းမျှ ၆၁ တင်းခန့် ထွက်ရှိကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ ဒေသအသီးသီးတွင် စိုက်ပျိုးထွက်ရှိထားသည့် သီးနှံများနှင့်ပက်သတ်၍ တောင်သူများမှ ၎င်းတို့စိုက်ပျိုးထားရှိသည့် သီးနှံများပြန်လည် ရောင်းချရာတွင် သယ်ယူပို့ဆောင်စရိတ်များပြားနေမှုကြောင့် အခက်အခဲများစွာကြုံတွေ့နေရကြောင်းသိရှိရသည်။

ရွှေဘိုခရိုင်အနေဖြင့် စပါးကိုအဓိကစိုက်ပျိုးကြသော်လည်း မိုးကောင်းတောဒေသများတွင် ပဲ၊ ပြောင်းသီးနှံများကိုစိုက်ပျိုးကြရာ ၂၀၂၃-၂၀၂၄ခုနှစ်မိုးသီးနှံတွင် အစေ့ထုတ်ပြောင်း(၃၈၂၅)ဧက စိုက်ပျိုးကြောင်း၊ အစေ့ထုတ်ပြောင်းကို ပဲစဉ်းငုံနှင့် သီးညှပ်သော်လည်းကောင်း၊ သီးသန့်သော်လည်းကောင်းစိုက်ပျိုးကြပြီး ဇွန်လတွင်စတင်စိုက်ပျိုး၍ စက်တင်ဘာလတွင် ရိတ်သိမ်းကြကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ(၅၄)တင်းခန့် ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ ရွှေဘိုမြု့ရှိ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ရ
